သူ ဂိုးမသွင်းနိုင်ဘူးလို့ လောင်းကြေးထပ်ခဲ့သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။
Pyae Phyo Thein

တွစ်တာပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံများအရ လင်ဂတ်ဂိုးမသွင်းဘူးလို့ လောင်းကြေးထပ်ခဲ့တဲ့သူ အနည်းဆုံး ၂ဦးလောက်ရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။


ပွဲကစားချိန် ၉၈ မိနစ်မှာ လက်စတာအသင်းဘက်ကို ဂျက်စီလင်ဂတ်က ဂိုးသွင်းယူခဲ့အပြီးမှာ ပေါင် ၆၇၀ အထိ ရရှိမယ့် ပရိသတ်တစ်ဦးဟာ ယူကျုံးမရဖြစ်ခဲ့ရပြီဖြစ်ပါတယ်။ ဒီရာသီမှာ လင်ဂတ်က ဂိုးလည်းတစ်ဂိုးမှမသွင်း၊ ဖန်တီးမှုလည်း လုံးဝလုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ဘက်ကနေ ၁၀ ပေါင်လောင်းထားခဲ့တဲ့ ပရိသတ်ဖြစ်ပါတယ်။

အနိုင်ရခဲ့မယ်ဆိုရင်တော့ အဆပေါင်း ၆၆ ဆအထိ ပြန်လည်ရရှိမှာဖြစ်တာကြောင့် ပေါင် ၆၇၀ ထိရရှိဖို့လည်းရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ လင်ဂတ်က ပွဲချိန်နောက်ဆုံးမိနစ်မှာ ဂိုးသွင်းခဲ့တဲ့နောက် သူ့ရဲ့ ရာနှုန်းပြည့်အနိုင်ရဖို့ သေချာနေမှုဟာ ကျိုးပျက်ခဲ့ရပြီးတေ့ာ မခံချိမခံသာဖြစ်ခဲ့ရပြီဖြစ်ပါတယ်။

လင်ဂတ်ဟာ အဆိုပါပွဲမှာ ပွဲပြီးခါနီးမှ လူစားဝင်လာခဲ့တာဖြစ်ပါတယ်။ သူ ဝင်ရောက်လာခဲ့ချိန်မှာ နာကျင်အချိန်ပိုမိနစ်ပြီးခါနီးနေပြီဖြစ်ပေမယ့် အခြားသောလေ့လွင့်ချိန်တွေအတွက် ကွင်းလယ်ဒိုင်က မိနစ်အနည်းငယ်ဆက်လက်ကစားစေခဲ့ပါတယ်။ အဆိုပါအခိုက်အတန့်မှာမှ ရှမိုက်ကယ်ရဲ့ အမှားအယွင်းကနေ လူစားဝင်လာခဲ့တဲ့ လင်ဂတ်က ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ လင်ဂတ်အတွက် တစ်ရာသီလုံးမှာမှရရှိခဲ့တဲ့ တစ်လုံးတည်းသောလိဂ်ဂိုးဖြစ်ပြီး သူဂိုးလည်းမသွင်း၊ ဖန်တီးမှုလည်းမလုပ်ဘူးလိို့ လောင်းကြေးထပ်ခဲ့တဲ့ ပရိသတ်ကို ကြေကွဲစေခဲ့ပါတယ်။ တွစ်တာပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံများအရ လင်ဂတ်ဂိုးမသွင်းဘူးလို့ လောင်းကြေးထပ်ခဲ့တဲ့သူ အနည်းဆုံး ၂ဦးလောက်ရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

လင်ဂတ်ရဲ့သွင်းဂိုးဟာလည်း ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ အပိတ်ဂိုးလည်းဖြစ်ခဲ့ပြီးတော့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမားအတွက်တော့ ပြောစမှတ်တွင်ရစ်စေမယ့်ဂိုးအဖြစ် ရှိနေခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က