VAR နဲ့ ပတ်သက်ပြီး လမ်းပတ်က ပြောဆိုခဲ့တာကို တုံ့ပြန်ခဲ့တာပါ။
Pyae Phyo Thein

လမ်းပတ်က ယူနိုက်တက်နဲ့ပွဲမှာ သူ့ကစားသမားတွေကို ပယ်နယ်တီမပေးရဖို့ သတိပေးစကားဆိုခဲ့ပြီး သူတို့လည်း VAR ရဲ့ မျက်နှာသာပေးမှုကို ရယူချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 


VAR ကြောင့် မျက်နှာသာပေးမှုတွေရရှိနေတယ်လို့ ချယ်လ်ဆီးနည်းပြလမ်းပတ်ရဲ့ ပြောဆိုမှုတွေအပေါ် ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြန်လည်တုံ့ပြန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ လမ်းပတ်က ယူနိုက်တက်နဲ့ပွဲမှာ သူ့ကစားသမားတွေကို ပယ်နယ်တီမပေးရဖို့ သတိပေးစကားဆိုခဲ့ပြီး သူတို့လည်း VAR ရဲ့ မျက်နှာသာပေးမှုကို ရယူချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဒီရာသီမှာ စုစုပေါင်း ပယ်နယ်တီ ၁၈ ကြိမ်အထိ ရရှိထားခဲ့ပြီးတော့ ပြိုင်ဘက်အသင်းကို ဂိုးပေးရမယ့်အနေအထားကနေလည်း ၇ ကြိမ်လွတ်မြောက်ခဲ့ပါတယ်။ လမ်းပတ်ရဲ့ ပြောဆိုမှုအပြီးမှာ ဆိုးလ်ရှားက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးချင်သူတွေရှိနေတယ်လို့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ 

"ကျွန်တော့်ကစားသမားတွေကို ရာနှုန်းပြည့်ကာကွယ်ပေးသွားမှာပါ၊ သူတို့က ဒိုက်ဗင်ထိုးနေသူတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောငး်အတိုင်းနဲ့ပဲ ဒီရာသီကို ဖြတ်သန်းနေတာပါ၊ လူတွေက သူတို့ရဲ့ပြောဆိုမှုနဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးချင်နေပုံရပါတယ်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတွေ အနီကတ်ပြခံရမှာကို မပြခဲ့လို့ ကျွန်တော်တို့ ရမှတ်တွေဆုံးရှုံးခဲ့တယ်ဆိုတာကို ကျွန်တော်ပြောလို့ရပါတယ်"

"အနီကတ်အကြောင်းပြောမယ်ဆိုရင် ဂရင်းဝုဒ်ကို ရိုမီယူပြုလုပ်ခဲ့တာက မသန်မစွမ်းတောင်ဖြစ်သွားစေနိုင်ခဲ့ပါတယ်၊ အဲဒီလိုပဲ မာ့ခ်နိုဘယ်ကလည်း ဘစ်စ်ကာကို ကျူးလွန်ခဲ့တာက အနီကတ်ပြခံခဲ့ရမှာပါ၊ အခြားနည်းပြတွေလို ကျွန်တော်အချက်အလက်တွေကိုင်ပြီးမပြောချင်ဘူး၊ စပါးနဲ့ပွဲမှာလည်း ကျွန်တော်တို့ ပယ်နယ်တီရသင့်ခဲ့ပေမယ့် မရခဲ့လို့ ၂ မှတ်ဆုံးရှုံးခဲ့ရပါတယ်"

"လူတွေက အများကြီးပြောနေပြီး လွှမ်းမိုးချင်နေပါတယ်၊ ကျွန်တော်ကတော့ အဲဒီထဲဝင်ပါမှာမဟုတ်ပါဘူး၊ ဒိုင်လူကြီးတွေကလည်း ဘယ်သူ့လွှမ်းမိုးမှုကိုမှ ခံမှာမဟုတ်ပါဘူး၊ သူတို့ကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေပဲ ချနေမှာပါ၊ ဘယ်လိုစိတ်ခံစားချက်မှပါမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 


Author


က္က