သူမြင်တွေ့ချင်တာကို အခုမှမြင်ရပြီလို့ မီလ်နာက ဆိုခဲ့ပါတယ်။
Pyae Phyo Thein

ချယ်လ်ဆီးနဲ့ပွဲအပြီး ဆုဖလားလက်ခံရယူဖို့အတွက် အသင်းခေါင်းဆောင်ဟန်ဒါဆန်ကို စောင့်ဆိုင်းနေစဉ်အတွင်းမှာ မီလ်နာက ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ 


လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူဂျိမ်းစ်မီနာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို သွယ်ဝိုက်ကာစောင်းမြောင်းပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲအပြီး ဆုဖလားလက်ခံရယူဖို့အတွက် အသင်းခေါင်းဆောင်ဟန်ဒါဆန်ကို စောင့်ဆိုင်းနေစဉ်အတွင်းမှာ မီလ်နာက ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ 

မီလ်နာက အသင်းရဲ့ မဟာပြိုင်ဘက်လို့ဆိုရမယ့် ယူနိုက်တက်အသင်းကို "ေ-ာက်ရူးတွေ" လို့ ရည်ရွယ်ပြောဆိုခဲ့ပြီး ဆုဖလားမှာတပ်ဆင်ထားတဲ့ အနီရောင်ဖဲကြိုးတွေက သူအမြင်ချင်ခဲ့ဆုံးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကို ယူနိုက်တက်အသင်းလွှမ်းမိုးခဲ့စဉ်က ဆုဖလားမှာ ယူနိုက်တက်ရဲ့ အနီရောင်ဖဲကြိုးတွေကိုပဲ မြင်တွေ့နေခဲ့ရတာကို ဆိုလိုချင်ခဲ့တာဖြစ်ပါတယ်။ 



"ငါအမြင်ချင်ဆုံးအနီရောင်ဖဲကြိုးတွေကို အခုမှပဲ ပထမဆုံးမြင်ရတော့တယ်၊ ဒီမတိုင်ခင်မှာ အမြဲတမ်း ယူနိုက်တက်အနီရောင်တွေချည်းပဲ၊ ေ-ာက်ချီးထုပ်တွေ" လို့ မီလ်နာက ပြောဆိုခဲ့ပြီး ဒီပြောဆိုမှုကို အသင်းဖော်လယ်လာနာက သဘောတကျနဲ့ ရယ်မောနေခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ကို ၁၃ ကြိမ်ရရှိထားတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်ကတော့ အခုတစ်ကြိမ်မှသာ ပထမဆုံးဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 

မီလ်နာကတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဖလားကို ၂ကြိမ်ဆွတ်ခူးထားဖူးသူဖြစ်ပြီး လီဗာပူးလ်နဲ့ရရှိခဲ့တာက ၃ ကြိမ်မြောက်ဖြစ်လာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ အက်စတွန်ဗီလာ၊ နယူးကာဆယ်တို့မှာလည်း ကစားခဲ့ပြီး လီဗာပူးလ်မှာတော့ ကစားသမားဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပြီး အားထားရသူတစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။ 


Author


က္က