အောင်ပွဲခံမယ့်အချိန်မှာ ဆုဖလားလွတ်ကျခဲ့တာဖြစ်ပါတယ်။

စိန့်အက်တီယန်နဲ့အတူ ပြင်သစ်လိဂ်ဖလား၊ ဒေါ့မွန်နဲ့အတူ ဂျာမနီစူပါဖလား (၂)ကြိမ်၊ ပိုကယ်ဖလားတစ်ကြိမ်ဆွတ်ခူးခဲ့ပြီး အက်ဖ်အေဖလားပါ ထည့်သွင်းမယ်ဆိုပါက စုစုပေါင်းဆုဖလား ၅ ကြိမ်သာဆွတ်ခူးဖူးတာဖြစ်ပါတယ်။


အက်ဖ်အေဖလားဆွတ်ခူးခဲ့ပြီးနောက် အသင်းနဲ့အတူ အောင်ပွဲခံဖို့လုပ်ခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်အော်ဘာမီယန်ဟာ ဆုဖလားလွတ်ကျမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆုဖလားကိုယူဆောင်ခဲ့ရာမှာ ဖလားအောက်ခြေပိုင်းက အနည်းငယ်ဟန်ချက်ပျက်ခဲ့ပြီးနောက် လွတ်ကျခဲ့တာလည်း ဖြစ်ပါတယ်။ 

ဆုဖလားကတော့ တစ်စုံတစ်ရာဖြစ်ပွားမှုမရှိခဲ့ဘဲနဲ့ အာဆင်နယ်အသင်းအောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆုဖလားလွတ်ကျခဲ့မှုနဲ့ပတ်သက်ပြီး တိုက်စစ်မှူးအော်ဘာမီယန်ကတော့ နောက်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အာဆင်နယ်နည်းပြအာတီတာကိုယ်တိုင်က အော်ဘာမီယန်ဟာ ဆုဖလားရရှိတဲ့အတွေ့အကြုံနည်းပါးတယ်လို့ နောက်ပြောင်ခဲ့တာပါ။

"သူက ဆုဖလားတွေနဲ့အတူ အောင်မြင်မှုရရှိတဲ့ အတွေ့အကြုံတွေပိုလိုအပ်ပါတယ်၊ သူ့ကို အတွေ့အကြုံများလာအောင် ကျွန်တော်တို့ ကူညီပေးရမှာပါ" လို့ အာတီတာက နောက်ပြောင်ပြောဆိုခဲ့ပါတယ်။ အော်ဘာမီယန်ကတော့ ထိပ်တန်းအဆင့်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပေမယ့်လည်း သူ့ရဲ့ကစားသမားဘဝမှာ ဆုဖလားရရှိမှုကတော့ နည်းပါးလွန်းခဲ့ပါတယ်။



စိန့်အက်တီယန်နဲ့အတူ ပြင်သစ်လိဂ်ဖလား၊ ဒေါ့မွန်နဲ့အတူ ဂျာမနီစူပါဖလား (၂)ကြိမ်၊ ပိုကယ်ဖလားတစ်ကြိမ်ဆွတ်ခူးခဲ့ပြီး အက်ဖ်အေဖလားပါ ထည့်သွင်းမယ်ဆိုပါက စုစုပေါင်းဆုဖလား ၅ ကြိမ်သာဆွတ်ခူးဖူးတာဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ်နဲ့ ပထမဆုံးအကြိမ် ဆုဖလားကိုင်မြှောက်ခွင့်ရရှိတာဖြစ်ပြီး အော်ဘာမီယန်ဟာ အနည်းငယ်စိတ်လှုပ်ရှားခဲ့ပုံရတယ်လို့လည်း ယူဆရပါတယ်။ 

ဆုဖလားလွတ်ကျခဲ့ပြီးနောက်မှာ အော်ဘာမီယန်ရဲ့ တိုက်စစ်တွဲဖက် လာကာဇက်ကတော့ တော်တော်လေးကို အံ့သြထိတ်လန့်သွားခဲ့ပါတယ်။ အခြားအသင်းဖော်တွေကတော့ ရယ်မောနေခဲ့ကြပြီး ဆုဖလားကို ပြန်လည်ကောက်ယူကာ အောင်ပွဲခံခဲ့ကြပါတယ်။ 



က္က