တီမိုဗာနာကတော့ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လေးမိနစ်အတွင်းမှာပဲ ချယ်လ်ဆီးအတွက် သွင်းဂိုးရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ကစားသမားသစ်တစ်ဦးဖြစ်တဲ့ တိုက်စစ်မှူးတီမိုဗာနာက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်သွားမယ်လို့ ရာသီမစခင်မှာပဲ ပြောဆိုလိုက်ပါတယ်။ ဂျာမနီတိုက်စစ်မှူးဟာ လိုက်ဇစ်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လီဗာပူးလ်ကိုရောက်ရှိဖို့ သတင်းတွေထွက်ခဲ့ပေမယ့် ချယ်လ်ဆီးက ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကစားသမားက ချယ်လ်ဆီးကစားသမားဘဝမှာပျော်ရွှင်နေတယ်လို့ ဝန်ခံခဲ့ပြီး သူ့ရဲ့ ပထမဆုံးအင်္ဂလိပ်ဘောလုံးရာသီအတွက် အသင့်ပြင်ထားတယ်လို့လည်းဆိုခဲ့ပါတယ်။ လက်ရှိချန်ပီယံလီဗာပူးလ်ဆီက အမှတ်ပေးဖလားကို ရယူသွားဖို့အတွက်လည်း ရည်ရွယ်ထားကြောင်း ဗာနာက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။
"ဖရန့်နဲ့အတူတူ အလုပ်လုပ်ရတာ တကယ်ကျေနပ်ဖို့ကောင်းပါတယ်၊ သူက တစ်သင်းလုံးကို အကောင်းဆုံးရှင်းပြပြောဆိုနိုင်ပါတယ်၊ ကျွန်တော့်မှမဟုတ်ပါဘူး၊ ကျွန်တော်တို့ကွင်းထဲမှာ ဘာတွေလုပ်နိုင်တယ်၊ ပြီးခဲဲ့တဲ့ရာသီက ဘယ်လောက်ထိတိုးတက်လာခဲ့လဲဆိုတာတွေကို သူကောင်းကောင်းပြောပြနိုင်ခဲ့ပါတယ်၊ အနာဂတ်အတွက် သူ့ရဲ့အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ပြီးပါပြီ"
တီမိုဗာနာကတော့ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လေးမိနစ်အတွင်းမှာပဲ ချယ်လ်ဆီးအတွက် သွင်းဂိုးရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။