လီဗာပူးလ်အနေနဲ့ ချန်ပီယံဆုအတွက် မရေမရာဖြစ်နေတာပါ။
Pyae Phyo Thein

ရော်ဂျာရဲ့ လီဗာပူးလ်အသင်းဟာ ၂၀၁၄ တုန်းက အန်ဖီးလ်မှာ ချယ်လ်ဆီးရဲ့အနိုင်ယူခြင်းကို ခံခဲ့ရပြီးတော့ ဆုဖလားကို မန်စီးတီးအသင်းဆီ လွှဲပြောင်းပေးခဲ့ရပြီး ဆွတ်ခူးနိုင်မယ့်အနေအထားကနေ ကင်းဝေးခဲ့ရပါတယ်။


လီဗာပူးလ်နည်းပြဟောင်းဖြစ်တဲ့ ဘရန်ဒန်ရော်ဂျာဟာ လက်ရှိလီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် မျှော်လင့်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ လီဗာပူးလ်ကိုကိုင်တွယ်ပြီးတော့ ဆုဖလားကို လက်တစ်ကမ်းအလိုမှ လက်လွှတ်ခဲ့ရတဲ့ သူ့လိုအဖြစ်မျိုးနဲ့ ကလော့ပ်ရင်မဆိုင်ရစေဖို့လည်း ရော်ဂျာက မျှော်လင့်နေပါတယ်။

လီဗာပူးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်နားထားရချိန်မှာ ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်အထိဖြတ်တောက်ထားခဲ့ကာ ဆုဖလားရယူနိုင်ဖို့အနီးစပ်ဆုံးဖြစ်နေတာဖြစ်ပါတယ်။ လက်ကျန်ရာသီကို ဆက်လက်ကစားခဲ့ပါက ၂ပွဲအနိုင်ရရုံနဲ့ ချန်ပီယံအဖြစ် နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်အောင်ပွဲခံနိုင်မှာလည်းဖြစ်ပါတယ်။ 

ရော်ဂျာရဲ့ လီဗာပူးလ်အသင်းဟာ ၂၀၁၄ တုန်းက အန်ဖီးလ်မှာ ချယ်လ်ဆီးရဲ့အနိုင်ယူခြင်းကို ခံခဲ့ရပြီးတော့ ဆုဖလားကို မန်စီးတီးအသင်းဆီ လွှဲပြောင်းပေးခဲ့ရပြီး ဆွတ်ခူးနိုင်မယ့်အနေအထားကနေ ကင်းဝေးခဲ့ရပါတယ်။ ရော်ဂျာလည်း အသင်းနည်းပြအဖြစ်က ထုတ်ပယ်ခံခဲ့ရကာ လက်ရှိမှာလက်စတာအသင်းကို ကိုင်တွယ်ပြီး ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ 

"သူတို့က တည်ငြိမ်မှုအရှိဆုံးနဲ့အကောင်းဆုံးအသင်းဆိုတာ ရှင်းပါတယ်၊ သူတို့ကစားခဲ့တဲ့ အဆင့်အတန်း၊ အရည်အသွေးတွေက သူတို့ဟာ တကယ့်အသင်းကောင်းဆိုတာလည်း ထင်ရှားပါတယ်၊ ဒါကြောင့် သူတို့သာ ဆုဖလားမရခဲ့ဘူးဆိုရင်တော့ အရမ်းဝမ်းနည်းဖို့ ကောင်းမှာပါ၊ ဒီဆုဖလားအတွက် နှစ်ပေါင်းများစွာ သူတို့စောင့်ဆိုင်းနေခဲ့ရတာပါ၊ သူတို့နဲ့ ထိုက်တန်ပါတယ်"

"ဒါပေမယ့် ယာဂင်လည်း အခြားလူတွေလိုပဲ ပြန်ကစားဖို့အတွက် မျှော်လင့်နေမှာပါ၊ ဒါပေမယ့်လည်း စိတ်ချရတဲ့အနေအထားတစ်ခုကိုရောက်မှဖြစ်မှာပါ၊ ကျွန်တော်တို့အတွက်မဖြစ်သင့်ဘူးဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့်လည်း ပြန်စဉ်းစားကြည့်ရင် ရာသီကုန်ဖို့ နီးကပ်နေပြီးတော့ အဲဒါကိုအဆုံးထိကစားရမှာပါ" လို့ ရော်ဂျာက ပြောဆိုခဲ့ကြောင်း Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က