ကီဗင်ဒီဘရိုင်း ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။
Kg Htet

မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား ဒီဘရိုင်းဟာ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့ပြီး ဂျွန်စတုန်းကတော့ ကြီးမားတဲ့ဒဏ်ရာပြဿနာမရရှိခဲ့ဘူးလို့ သိရပါတယ်။



မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက မန်စီးတီးအသင်းဟာ ဒီဘရိုင်းမပါဘဲ အချိန်အနည်းငယ်ကြာ ကစားရလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဂျွန်စတုန်းကတော့ ဒဏ်ရာပြဿနာကြီးကြီးမားမား မရှိဘူးလို့ အတည်ပြုပေးခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ယမန်နေ့က ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ခေတ္တပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းဟာ ပထမပိုင်းမပြီးဆုံးမီမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပြီး ဂျွန်စတုန်းကလည်း ဒုတိယပိုင်း ၄၈ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့တာဖြစ်ပါတယ်။


မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကို ယခုရာသီ ၃ ကြိမ်မြောက် ဆုံးရှုံးခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့ပြီး ဂျွန်စတုန်းကတော့ မကြာမီအချိန်အတွင်း ပြန်လည်ပါဝင်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဗင်းဆင့်ကွန်ပနီကတော့ ၁၀၀ ရာခိုင်နှုန်းမကောင်းသေးပါဘူး။ ဂျွန်စတုန်းကတော့ ကြီးကြီးမားမားပြဿနာမရှိပါဘူး။ ကြိုတင်ကာကွယ်ထားတဲ့သဘောပါ။ ကီဗင်ကတော့ ကြွက်သားပြဿနာ၊ တံကောက်ကြောဒဏ်ရာကြောင့် အချိန်ခဏလောက်တော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး”လို့ BBC ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က