နောက်ခံလူတစ်ယောက် လိုချင်နေပေမယ့် ဝယ်ဖို့ အဆင်မပြေဖြစ်နေတာပါ၊
Kyaw Ko Ko Sint

ဆိုးလ်ရှားက မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ ဗဟိုခံစစ်မှူးတစ်ဦးကို ရှာဖွေနေပေမယ့် တစ်ဦးမှ အဆင်မပြေ ဖြစ်နေတာကြောင့် လက်ကျန် စျေးကွက်ဖွင့်ချိန်ကလည်း မကျန်ချိန်မှာ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ် လာတာပါ။

ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားအနေနဲ့ ဗဟိုခံစစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ဆန္ဒရှိပေမယ့်လည်း ၂၀၂၁ခုနှစ် အထိ ခေါ်ယူနိုင်အုံးမှာ မဟုတ်ပဲ အကြောင်းကတော့ သူ့အသင်းအနေနဲ့ အခြား နေရာတွေမှာ လိုအပ်ချက်ပိုရှိနေ တာကြောင့် လို့ Metroသတင်းဌာနက ဖော်ပြလာပါတယ်။

နည်းပြ ဆိုးလ်ရှားအနေနဲ့ ယခုနှစ် နွေရာသီ စျေးကွက်မှာ အနည်းဆုံး ကစားသမား ၃ဦးထိ ခေါ်ယူဖို့ လုပ်ဆောင် ထားပေမယ့်လည်း လက်ရှိမှာတော့ အေဂျက်က ဗန်ီဘိခ်တစ်ဦးတည်းသာ ခေါ်ယူထားနိုင်ပါသေးတယ်။

လက်ရှိမှာလည်း ဆိုးလ်ရှားအနေနဲ့ လူစာရင်း အားဖြည့်ဖို့ အချိန်က သိပ်မကျန်တော့ပဲ ဆိုးလ်ရှားက ဘယ်နောက် ခံလူနဲ့ ဗဟိုနောက်ခံ နှစ်ဦးလောက် ထပ်လိုချင်နေတာပါ။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ဘယ်နောက်ခံလူ ဆာဂျီယိုရီဂူလွန်ကလည်း စပါးကိုသာ ရွေးချယ်ခဲ့တာကြောင့် ယူနိုက်တက်အတွက် ၂၀၂၁ခုနှစ် မတိုင်ခင်အထိ နောက်ခံလူကို ခေါ်ယူဖို့ မဖြစ်နိုင်တော့ ဘူးလို့ ဆိုရခြင်းဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း လိုက်ပ်ဇက်က အူပါမီကာနိုကို မက်ဂွိုင်းယားရဲ့ အတွဲအဖက် ဖြစ်လာဖို့ ရည်ရွယ် ထားပေမယ့်လည်း လိုက်ပ်ဇက်က ပေါင် သန်း ၆၀ လောက်တောင်းလို့ ပေးချေဖို့ အဆင်မပြေ ဖြစ်ခဲ့တာပါ။

ဒါကြောင့် မက်ဂွိုင်းယားနှင့်အတူ တူအန်ဇီဘီ (သို့)လင်ဒီလော့ဖ်တို့ကပဲ ဗဟိုခံစစ်နေရာကို တွဲဖက် ကစားဖို့ ရှိနေ ရတော့မှာလည်း ဖြစ်ပါတယ်။


Author


က္က