အော့ဒွိုင်းစ်အနေနဲ့ သီးသန့်နေထိုင်ပြီး ကုသမှုတွေခံယူနေရဆဲပါ။

အင်္ဂလန်လူငယ်တောင်ပံကစားသမားဖြစ်သူ ဟက်ဆန်အော့ဒွိုင်းစ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ဖြစ်ပြီး လက်ရှိအချိိန်အထိကုသမှုတွေ ခံယူနေရဆဲလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ချဲလ်ဆီးတောင်ပံကစားသမားအော့ဒွိုင်းစ်က ရောဂါအခြေအနေကိုအကော င်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်းနဲ့အတူ ယုံကြည်မှုတွေပြန်လည်ရရှိခဲ့ပေမယ့် ရုတ်တရကတ်အထီးကျန်သလိုခံ စားခဲ့ရတဲ့အခြေအနေက တော်တော်လေးဆိုးရွားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို skysports ကဖော်ပြသွား ခဲ့ပါတယ်။



ရောဂါကူးစက်ခံထားရတယ်လို့ သိရှိခဲ့ပြီးချက်ချင်း ချဲလ်ဆီးအသင်းအနေနဲ့ အော့ဒွိုင်းစ်ကို သီးသန့်နေထိုင်စေ ခြင်းနဲ့အတူ ကုသမှုအချို့ခံယူစေခဲ့သလို အသင်းတာဝန်ရှိသူများ၊ အသင်းနဲ့သက်ဆိုင်သူအားလုံးကိုလည်းအ ရေးပေါ်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။



အော့ဒွိုင်းစ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်က “ အော့ဒွိုင်းရဲ့အခြေအနေက တိုးတက်လာပါပြီ။ ကစားသမားတစ်ဦးဖြစ်တဲ့အတွက် ရောဂါကိုအကောင်းဆုံးရင်ဆိုင်နိုင်ခဲ့တယ်လို့ပဲဆိုရမှာပါ။ တိုးတက်မှုတွေအ များကြီးရှိလာခဲ့ပါပြီ ” လို့ အတည်ပြုထုတ်ဖော်ပြောခဲ့ပါသေးတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ရတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတိုင်း ကြံ့ခိုင်မှုအခြေအနေအရ အ ကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပြီး ပထမဦးဆုံးကူးစက်ခံရသူဖြစ်တဲ့ ဂျူဗင်တပ်နောက်ခံလူရူဂါနီမှာလည်း ပြန်လည်သ က်သာလာခဲ့ပြီး ပုံမှန်အခြေအနေကိုရောက်ရှိလာတော့မယ်ဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေအရသိရပါ တယ်။

ကစားသမားဖြစ်သူကိုယ်တိုင်ကလည်း အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို ပြန်လည်ပူးပေါင်းဖို့အသင့်ဖြစ် နေပြီဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြခဲ့ပြီး ရုတ်တရတ်မထင်မှတ်ဘဲရင်ဆိုင်ခဲ့ရတဲ့ ကိုရိုနာဗိုင်း ရပ်စ်အန္တရာယ်က တော်တော်လေးကို ခံစားရခက်ခဲခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က