ဝုလ်ဘတ်မှာ ကစားခဲ့စဉ်က ပြသနာတွေဖြစ်ပါတယ်။

၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေက ဝုလ်ဘတ်အသင်းမှာ ဒီဘရိုင်းကစားနေတဲ့အချိန်နဲ့ ဆက်စပ်မှုရှိနေတယ်လို့လည်း သိရကာ အခွန်ရှောင်လွှဲမှုကလည်း ပြသနာတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ 


မန်စီးတီးကွင်းလယ်လူကီဗင်ဒီဘရိုင်းရဲ့အေးဂျင့်ဖြစ်သူဟာ စုံစမ်းစစ်ဆေးမှုတွေခံရဖို့အတွက် ဘယ်လ်ဂျီယံမှာ မနေ့ကဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ပက်ထရစ်ဒီကိုစကတာဟာ မနေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အချုပ်ထဲမှာ တစ်ညလုံးရှိနေခဲ့ကာ စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရ ဒီဘရိုင်းကိုယ်တိုင်က တိုင်ကြားခဲ့တာလို့ သိရပါတယ်။ 

Het Nieuwsblad သတင်းစာရဲ့ ဖော်ပြချက်အရ ဒီစုံစမ်းမှုကို ၂၀၁၉ ခုနှစ်အတွင်းမှာကတည်းက စတင်နေခဲ့တာလို့ သိရပြီး ငွေရေးကြေးရေးပြသနာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စဟာ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေက ဝုလ်ဘတ်အသင်းမှာ ဒီဘရိုင်းကစားနေတဲ့အချိန်နဲ့ ဆက်စပ်မှုရှိနေတယ်လို့လည်း သိရကာ အခွန်ရှောင်လွှဲမှုကလည်း ပြသနာတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ 

လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဒီကိုစတာကို ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ငွေကြေးခဝါချမှု နဲ့ ငွေကြေးအတုပြုလုပ်မှုတွေလည်း ပါဝင်နေတယ်လို့ အစိုးရရှေ့နေရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။ ဒီဘရိုင်းနဲ့ ဝုလ်ဘတ်အသင်းတို့ ချုပ်ဆိုမှုမှာ ပါဝင်တဲ့ ငွေကြေးပေးချေမှုတွေဟာ အခွန်ရှောင်လွှဲရာမှာ နာမည်ကျော်ကြားတဲ့ လက်ချင်စတိန်းနိုင်ငံတွင်းက နေရာတစ်ခုမှာ ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီကိုစတာဟာ J&S နိုင်ငံတကာဘောလုံးစီမံခန့်ခွဲရေးရဲ့ မန်နေဂျာလည်းဖြစ်ပြီး အဆိုပါကုမ္ပဏီဟာ ဒီဘရိုင်း၊ ဇင်ဟိုကာနို၊ ရိုမန်ဘီဇီုးစ်တို့လို ကစားသမားတွေရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေတာလည်းဖြစ်ပါတယ်။ ဒီကိုစတာဟာ ၂၀၀၄ ခုနှစ်ကစတင်ကာ ဒီဘရိုင်းရဲ့ အေးဂျင့်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး ဝုလ်ဘတ်ကနေ မန်စီးတီးကို ပေါင် ၅၅သန်းနဲ့ ပြောင်းရွှေ့နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒီအပြောင်းအရွှေ့မှာ သူနဲ့အတူ ပူးတွဲလုပ်ကိုင်သူအဖြစ် ဒီဒီယာဖရီနေးတို့လည်း ပါဝင်ခဲ့ပြီး အဆိုပါအပြောင်းအရွှေ့ကနေ ပြောင်းရွှေ့ကြေးရဲ့ ၁၀% အထိရရှိခဲ့လို့ ပေါင် ၅.၅သန်း ရယူနိုင်ခဲ့ပါတယ်။ ဝုလ်ဘတ်အသင်းမှာကစားခဲ့စဉ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါဘဏ္ဍာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီဘရိုင်းက အဓိကထားတိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။ 



က္က