၂ သင်းစလုံးက တူညီတဲ့ပမာဏနဲ့ ကမ်းလှမ်းခဲ့ကြတာပါ။

ချယ်ဆီးအသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား ဝီလီယံအတွက် ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဝီလီယံဟာ ၂၀၁၃ ခုနှစ်မှာ ချယ်ဆီးအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲ ၃၀၀ နီးပါး ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ပုံမှန်ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် ဝီလီယံဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေနဲ့ လိဂ်ဖလား ၁ ကြိမ်စီရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။



ဝီလီယံရဲ့စာချုပ်သက်တမ်းဟာ လာမယ့်ရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ချယ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ပြုရမယ့်အခြေအနေရောက်နေပေမယ့်လည်း အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုနေတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ် ချမှတ်ခံထားရပြီး အီဒင်ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းထံ ဆုံးရှုံးခဲ့ရတာကြောင့် နောက်ထပ်အဓိကကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့်ပြုတော့မှာမဟုတ်ပါဘူး။

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဝီလီယံကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး Sky Sports ရဲ့ဖော်ပြချက်အရ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းက ဝီလီယံကို ပြန်လည်စိတ်ဝင်စားနေတာကြောင့် ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။

ဘာစီလိုနာရဲ့ကမ်းလှမ်းမှုဟာ လာလီဂါပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုနဲ့ ပမာဏချင်းတူညီနေပြီး ချယ်ဆီးအသင်းက ၂ သင်းစလုံးရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဝီလီယံအနေနဲ့ ချယ်ဆီးအသင်းမှာ ဆက်လက်ရှိနေချင်တယ်လို့ ယုံကြည်ရပြီး အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က