loading...

loading...

loading...

ပေါ့ဘာအနေနဲ့ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့အသင်းကို ပြောင်းရွှေ့လိုနေတာပါ။
Win Kyaw Min

လာမယ့်နွေရာသီကစားသမားအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းဖော် ပြမှုတွေရှိနေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာအနေနဲ့ ရာသီကုန်တွင်အ သင်းက ထွက်ခွာဖို့ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ခြင်းမရှိပါက အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်ခြေပိုများတယ်လို့ အေးဂျင့်ဖြစ်သူရွိုင်အိုလာရဲ့ မှတ်ချက်ပြုပြောဆိုမှုကို thesun ကဖော်ပြလာပါတယ်။

လက်ရှိမှာပေါ့ဘာကို ခေါ်ယူလိုတဲ့အသင်းများစွာရှိနေခဲ့ပြီး ရီးရဲလ်အသင်းကလည်း စိတ်ဝင်တစားကမ်းလှမ်းမှု များပြုလုပ်ဖို့ရှိနေသလို အသင်းဟောင်းဂျူဗင်တပ်အသင်းကလည်း ကစားသမားအလိုက်ပေးခေါ်ယူဖို့အထိအ သင့်ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေတာပါ။



“ ကစားသမားဘဝရဲ့အနာဂတ်ကို ရာသီကုန်မှာမြင်တွေ့ရမှာပါ။ ပေါ့ဘာအနေနဲ့ အကောင်းဆုံးပေးဆပ်ချင်သ လို အောင်မြင်မှုတွေကိုလည်း ရယူချင်တဲ့ကစားသမားပါ။ လက်ရှိမှာဒဏ်ရာကြောင့် အနားယူနေရတယ်ဆိုပေ မယ့် အသင်းမှာဆက်ရှိမရှိကိုတော့ အချိန်အတိုင်းအတာတစ်ခုမှာ သိရဖို့ရှိနေပါတယ် ” လို့ ကစားသမားရဲ့အေး ဂျင့်ဖြစ်သူရွိုင်အိုလာက အရိပ်အမြွတ်ပြောဆိုလိုက်ပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ပေါ့ဘာအတွက် ပေါင်သန်း ၈ဝဝန်းကျင်သာပေးချေလိုနေပေမယ့် ကွင်းလယ်ကစား သမားနှစ်ဦးဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမားရာဘီယော့၊ ဝေးလ်ကွင်းလယ်ကစားသမားရမ်ဆေးတို့ကို အလိုက်ပေးဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

Mirror.co.uk ရဲ့ဖော်ပြချက်မှာတော့ ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကို ရာသီကုန်မှာ လက်လွှတ်ဖို့ရှိနေ ပြီး အစားထိုးဖို့အတွက် ကစားသမားသစ်အချို့ခေါ်ယူဖို့အတွက်ကိုပင် စီစဉ်မှုအချို့ပြုလုပ်နေခဲ့ပြီဖြစ်တယ်လို့ အခိုင်အမာသတင်းဖော်ပြလာပြန်ပါတယ်။


loading...

က္က