ယာမိုလန်ကိုကို လူကပ်ကစားဖို့နဲ့ လိုက်လံဟန့်တားဖို့ ပျက်ကွက်ခဲ့တာပါ။

တန်ပြန်တိုက်စစ်ကတဆင့် ဘောလုံးရရှိခဲ့ပြီးနောက် ယာမိုလန်ကိုက ဆွဲပြေးခဲ့ကာ ကန်သွင်းရယူခဲ့ပြီး ဟန့်တားဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ အလွန်ဆိုက အဓိကထောက်ပြစရာဖြစ်ခဲ့ရပါတယ်။ 


ဝက်စ်ဟမ်းကို ပွဲချိန်နှောင်းပိုင်းသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ချယ်လ်ဆီးနောက်ခံလူအလွန်ဆိုဟာ အပြင်းအထန်ဝေဖန်ခံနေရပြီဖြစ်ပါတယ်။ ယာမိုလန်ကိုသွင်းယူခဲ့တဲ့ နောက်ဆုံးသွင်းဂိုးမှာ အလွန်ဆိုရဲ့ အားနည်းချက်တွေ အများကြီးရှိနေခဲ့တယ်လို့ ပြစ်တင်နေကြတာဖြစ်ပြီး ဂယ်ရီနဗီးလ်ကလည်း ဝေဖန်သူတွေထဲ ပါဝင်ခဲ့ပါတယ်။ 

အရန်ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့တဲ့ ယာမိုလန်ကိုဟာ ချယ်လ်ဆီးအသင်းကို ရှုံးချက်နာစေမယ့် သွင်းဂိုးကို သွငး်ယူခဲ့သလို ဝက်စ်ဟမ်းကိုလည်း တန်းဆင်းဇုန်နဲ့ ဝေးရာကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် ဘောလုံးရရှိခဲ့ပြီးနောက် ယာမိုလန်ကိုက ဆွဲပြေးခဲ့ကာ ကန်သွင်းရယူခဲ့ပြီး ဟန့်တားဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ အလွန်ဆိုက အဓိကထောက်ပြစရာဖြစ်ခဲ့ရပါတယ်။ 

တိုက်စစ်ကို အလွန်အကျွံလိုက်ပါနေခဲ့တဲ့ အလွန်ဆိုဟာ ယာမိုလန်ကို ဘောလုံးမရခင်မှာ နောက်ကိုပြန်ဆင်းဖို့အတွက် နှောင့်နှေးနေခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ တိုက်စစ်ဆင်နေမှုကတဆင့် ဝက်စ်ဟမး်က ဘောလုံးရရှိခဲ့ပြီးနောက် အလွန်ဆိုနားမှာရှိနေခဲ့တဲ့ ယာမိုလန်ကိုဟာ ကွင်းတစ်ဝက်ကျော်လောက်ကနေ ပြေးထွက်သွားခဲ့ပြီး အလွန်ဆိုက လိုက်ပါတားဆီးဖို့အတွက် ပျက်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။ 

"သူ့ကိုကြည့်၊ သူ့ကိုကြည့်၊ မားကို့်စ်အလွန်ဆို ဘာတွေလုပ်နေတာလဲ၊ သူ ဘာတွေလုပ်နေတာလဲ။ အဲဒါက သူ့ရဲ့နောက်ကိုပြန်ပြေးတဲ့ အရှိန်လား၊ ဒီအတွက်ကြောင့် ချယ်လ်င်္ဆီးက ပွဲကိုပေးဆပ်ခဲ့ရတာပါ၊ ရူဒီဂါလည်း ခံစစ်ကိုကာကွယ်ဖို့ အားနည်းခဲ့ပါတယ်" လို့ ဂယ်ရီနဗီးလ်က Sky Sports က တဆင့်ပြောဆိုခဲ့ပါတယ်။ 

ချယ်လ်ဆီးဟာ ဒီပွဲကို အနိုင်ရခဲ့ပါက အဆင့် ၃နေရာအထိ တက်လှမ်းနိုင်မှာဖြစ်ပေမယ့်လည်း အရေးနိမ့်ခဲ့လို့ အဆင့်ငါးနေရာက ယူနိုက်တက်ကိုပါ အခွင့်အရေးပေးသလိုဖြစ်ခဲ့ရပါတယ်။ အသင်းကထွက်ခွာဖို့ ရေပန်းစားနေတဲ့ အလွန်ဆိုဟာလည်း ဒီပွဲကခြေစွမး်ကြောင့် လမ်းပတ်ရဲ့ ရောင်းထုတ်ခြင်းကို ခံရဖို့ရာခိုင်နှုန်းပိုမိုများပြားလာခဲ့ပြီလည်းဖြစ်ပါတယ်။ 



က္က