loading...

loading...

loading...

အဓိကကစားသမားအများစု ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေခဲ့တာပါ။
Kg Htet

ယနေ့ညနေ ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကွင်းသစ်မှာ ပထမဆုံးအနိုင်ရရှိဖူးတဲ့ ဧည့်သည်အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင်တော့တင်ဟမ်ဟော့စပါးအသင်းက ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းဟာ စပါးအသင်းကို တန်ပြန်တိုက်စစ်ကနေ ဂိုးပေါက်ခြိမ်းခြောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဆွန်ဟောင်မင်၊ အဲရစ်ဆင်တို့ဟာ အပိုင်ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်း အဖွင့်ဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဧည့်သည်ဝက်စ်ဟမ်းအသင်းက စပါးအသင်းကို ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး စပါးအသင်းရဲ့အဓိကကစားသမားအများစုဟာ ယနေ့ပွဲစဉ်မှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

၆၇ မိနစ်မှာ အာနာတိုဗစ်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် အန်တိုနီယိုုက ဝက်စ်ဟမ်းအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ စပါးအသင်းဟာ အဖွင့်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် လူစားလဲလှယ်မှုတွေပြုလုပ်ခဲ့ပြီး တိုက်စစ်ကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဝက်စ်ဟမ်းအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။


loading...

က္က