အပြောင်းအရွှေ့အပြီးသတ်ဖို့ ပြောဆိုဆွေးနွေးနေကြပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့်နောက်ခံကစားသမား အာရွန်ဝမ်ဘစ်စကာကို ခေါ်ယူဖို့ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ အားကစားဂျာနယ်လစ်နီကိုလိုရှီရာရဲ့ဖော်ပြချက်အရ သိရပါတယ်။

ခရစ်စတယ်ပဲလေ့စ်အသင်းက မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင်သန်း ၄၀ တန်ကနဦး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပြီး ဝမ်ဘစ်စကာအတွက် ပေါင်သန်း ၆၀ ရရှိမှ ရောင်းချသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် La Gazzetta dello Sport ရဲ့အားကစားဂျာနယ်လစ် နီကိုလိုရှီရာက ၎င်းရဲ့တွစ်တာအကောင့်မှာ ဝမ်ဘစ်စကာအတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းတို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုနိုင်တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

“အပြောင်းအရွှေ့သဘောတူညီမှုကို အတည်ပြုနိုင်ခဲ့ပါပြီ။ မန်ချက်စတာယူနိုက်တက်က ဝမ်ဘစ်စကာအတွက် အပြီးသတ်သဘောတူညီမှုလိုချင်နေပါတယ်”

“ဝမ်ဘစ်စကာက ဆိုးလ်ရှားရဲ့ ပထမဦးစားပေးညာနောက်ခံကစားသမားပါ။ သူနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သရဲနီတွေဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ သဘောတူညီမှုအပြီးသတ်ဖို့ ပြောဆိုဆွေးနွေးနေပါတယ်”လို့ ၎င်းရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝမ်ဘစ်စကာဟာ ခရစ်စတယ်ပဲလေ့စ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပထမအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။



က္က