မော်ရင်ဟိုက ဘာသာစကား ၆မျိုးထိ ပြောနိုင်သူပါ။

မော်ရင်ဟိုက ဘာသာစကား ၆မျိုး ပြောနိုင်ပြီး ကိုရီးယားဘာသာစကားကတော့ ၇မျိုးမြောက် သူပြောနိုင်မယ့် ဘာသာစကားတစ်ခုလည်း ဖြစ်လာတော့မှာပါ။

အသင်းရဲ့ အဓိက ကစားသမား ဆွန်ဟောင်မင်နဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် ကိုရီးယား ဘာသာစကားကို စတင်သင်ယူနေပြီလို့ စပါးနည်းပြ မော်ရင်ဟိုက ထုတ်ဖော်ပြောလာပါတယ်။



မော်ရင်ဟိုက အထင်ကြီးစရာ နည်းပြတစ်ဦးဖြစ်ပြီး ကိုရီးယားဘာသာစကား မသင်ယူခင်ကတည်းက ဘာသာ စကား ၆မျိုးထိ ပြောနိုင်သူလို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပေါ်တူဂီ၊စပိန်၊ကတ္တလန်၊အင်္ဂလိပ်၊ပြင်သစ်နဲ့အီတလီဘာသာစကားတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ပြီး အခုထပ်မံကာ ကိုရီးယားဘာသာစကားကို ဆက်လက်သင်ယူနေတာပါ။

စပါးအသင်းရဲ့ Amazon documentary မိတ်ဆက်တဲ့အခမ်းအနားမှာ မော်ရင်ဟိုက အခုလို သင်ယူရတာက မတူ ညီတဲ့ ယဥ်ကျေးမှုတွေကို နားလည်ဖို့နဲ့ အဓိကကတော့ အသင်းရဲ့ အဓိက ကစားသမားဆွန်နဲ့ ပိုမို ထိရောက်စွာ ဆက်ဆံပြောဆိုနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုခဲ့ပါတယ်။

“ဆက်ဆံရေးက အင်မတန်မှ အရေးကြီးပါတယ်။ကျွန်တော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်ဆောင်တဲ့အခါ အားလုံး နားလည်နိုင်မယ့် ဘာသာစကားကို သွားရပါမယ်။အကုန်လုံးကို တစ်ဦးချင်းစီ နားလည်စွာ ဆက်ဆံနိုင်တာက က လပ်အသင်းတစ်ခုမှာ ရှိသင့်တဲ့ ယဥ်ကျေးမှုပါ။ကျွန်တာ့်မှာဆို ပေါ်တူဂီ နည်းပြအဖွဲ့ရှိပြီး ဒီအထဲမှာ အင်္ဂလိပ်နည်းပြ အဖွဲ့ဝင်လည်း ပါပါတယ်။ကစားသမားတွေမှာလည်း မတူညီတဲ့ ကစားသမားတွေရဲ့ ဘာသာစကားတွေကို လိုက်ပါ ပြောဆိုပေးရပြီး အခုလည်း ဆွန်အတွက် ကိုရီးယားကို သင်ယူနေတာပါ။”လို့ မော်ရင်ဟိုက ရှင်းပြသွားပါတယ်။

ဆွန်ကတော့ မော်ရင်ဟို နိုဝင်ဘာမှာ အသင်းကို စတင်ရောက်ရှိချိန်ကစပြီး အသင်းအတွက် ၁၂ဂိုးထိသွင်းယူပေး ထားနိုင်ပါတယ်။

၂၀၁၅ခုနှစ်က ဘိုင်ယန်လေဗာကူဆင်အသင်းက စတင်ရောက်ရှိချိန်က စတင်ပြီးတော့ အသင်းအတွက် ပွဲပေါင်း ၂၂၉ပွဲကစားကာ ၈၅ဂိုး သွင်းယူပေးထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က