မဟာပြိုင်ဘက်တွေအဖြစ် ပရီးမီးယားလိဂ်မှာရင်ဆိုင်ခဲ့ကြရပါတယ်။
Pyae Phyo Thein

ရွန်နီကတော့ လက်ရှိမှာ ဒါဘီအသင်းမှာ ကစားနေပြီးတော့ ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပြီး သူ့စံချိန်ကို အခုချိန်ထိ ဘယ်သူကမှ လိုက်မမီသေးပါဘူး။


ချယ်လ်ဆီးအသင်းရဲ့ဂိုးသမားဟောင်းကြီး ပီတာဆက်ချ်က မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဝိန်းရွန်နီဟာ သူ့အတွက်တော့ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ချယ်လ်ဆိးအတွက် ပွဲပေါင်း ၅၀၀ လောက်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလားလေးကြိမ် နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပီတာဆက်ချ်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် ရပ်တည်နို်င်ခဲ့သူဖြစ်ပါတယ်။

ချက်လက်ရွေးစင်ဟောင်းလည်းဖြစ်တဲ့ ပီတာဆက်ချ်ဟာ ချယ်လ်ဆီးကနေ အာဆင်နယ်ကိုလည်း ပြောင်းရွှေ့ကစားခဲ့ပြီး အဓိကဂိုးသမားဖြစ်ခဲ့သူပါ။ ပီတာဆက်ချ်က ရွန်နီရဲ့ ကစားဟန်နဲ့ စိတ်ဓာတ်ပိုင်းကိုလည်း ချီးကျူးအသိအမှတ်ပြုခဲ့ပြီးတော့ သူ့အတွက်တော့ ရွန်နီဟာ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့စဉ်မှာ ပီတာဆက်ချ်က "သူက ကျားကုတ်ကျားခဲကစားတတ်တဲ့သူတစ်ဦးပါ၊ တိုက်ပွဲဝင်သူ၊ ပြေးလွှားနိုင်သူ၊ ဂိုးသွင်းရာမှာ ကျွမ်းကျင်ပါးနပ်သူပါ၊ ကွင်းတစ်ဝက်လောက်ကနေလည်း ဂိုးသွင်းနိုင်ပြီးတော့ ခင်ဗျားက ရှေ့ကိုရောက်နေပြီဆိုရင်လည်း သူက ကျော်သွင်းမှာပါပဲ၊ သူနဲ့ ရင်ဆိုင်ခဲ့ရတာက တကယ်ပျော်ရွှင်စရာပါ" လို့ ပြောဆိုခဲ့ပါတယ်။

ရွန်နီကတော့ လက်ရှိမှာ ဒါဘီအသင်းမှာ ကစားနေပြီးတော့ ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပြီး သူ့စံချိန်ကို အခုချိန်ထိ ဘယ်သူကမှ လိုက်မမီသေးပါဘူး။ ချယ်လ်ဆီးမှာ ၁၁ နှစ်ကြာကစားခဲ့တဲ့ ပီတာဆက်ချ်ကို ရွန်နီက အနည်းဆုံး ၁၁ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်နီဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၅၅၉ပွဲမှာ ၂၅၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အင်္ဂလန်အတွက်တော့ ပွဲ ၁၂၀ မှာ ၅၃ဂိုးအထိ ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလား ၅ကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်၊ ယူရိုပါလိဂ်တစ်ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလားတစ်ကြိမ်တို့ကိုလည်း ယူနိုက်တက်နဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က