loading...

loading...

loading...

လီဗာပူး ၂-၀ ချဲလ်ဆီး
Kyaw Ko Ko Sint

အိမ်ကွင်းမှာ မာနေး၊ဆာလာတို့ရဲ့ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ လီဗာပူးအသင်းက ချဲလ်ဆီးအသင်းကို ၂-ဝနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ယူပြီး ၂၉ နှစ်ကြာ ပရီးမီးယားလိဂ် ချန်ပီယံ ပြန်ဖြစ်ရေး မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနေဆဲ ဖြစ်ပါတယ်။

ပွဲချိန် ၅၁ မိနစ်နဲ့ ၅၃ မိနစ်တို့မှာ မာနေးနဲ့ ဆာလာတို့က ဆက်တိုက်သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဆာလာအတွက်တော့ ဒီရာသီအသင်းအတွက် ၂၂ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးဖက်ကို ၂၅ ကိုက်အကွာလောက်ကနေ သွင်းယူခဲ့တဲ့သွင်းဂိုးကို ပရိသတ်တွေ အကြိုက် တွေ့နေကြပြီး ဒါဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ၁၉ ဂိုးမြောက်လည်း ဖြစ်လာပါတယ်။

အနီးကပ် ပြိုင်ဖက် မန်စီးတီးအသင်းကလည်း အစောပိုင်းမှာ ပဲလေ့စ်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပေမယ့် လက်ရှိ မှာ လီဗာပူးက တစ်ပွဲပို ကစားထားပြီး ၂ မှတ်အသာနဲ့ ဦးဆောင်နေတာပါ။

နှစ်သင်းစလုံးက ချန်ပီယံ ဖြစ်ဖို့အတွက် လက်ကျန် ပွဲစဉ်တွေက အမှားခံလို့ မရပဲ မန်စီးတီးအနေနဲ့ လက်ကျန် ၅ ပွဲစလုံးကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ချန်ပီယံ သေချာပေါက်ဖြစ်မှာ ဖြစ်ပြီး လီဗာပူး အနေနဲ့ လည်း လက်ကျန် ၄ ပွဲစလုံးကို အနိုင်ယူထားနိုင်ပြီး မန်စီးတီး ခြေချော်ခဲ့ရင် ချန်ပီယံ ဖြစ်ဖို့ သေချာ သလောက် ရှိမှာပါ။

မန်စီးတီးအသင်းကတော့ လက်ကျန် ၅ ပွဲမှာ စပါး၊မန်ယူ၊ဘန်လေ၊လက်စတာ၊ဘရိုက်တန်တို့နဲ့ ကစားရဖို့ ရှိ နေလို့ အမှတ်လျော့နိုင်တဲ့အနေအထားမှာ ရှိနေတာပါ။

လီဗာပူးကတော့ ကာဒစ်၊ဟတ်ဒါဖီးလ်၊နယူးကာဆယ်၊ဝုလ်တို့နဲ့သာ ကစားဖို့ ကျန်တော့တာ ဖြစ်တာကြောင့် လက်ကျန် ပွဲစဉ်တွေမှာ မန်စီးတီးထက်စာလျှင် လီဗာပူးက အနည်းငယ် ပွဲချောင်နေတယ်လို့ ဆိုရမှာပါ။


loading...

က္က