ရာအူးလ်ဂျီမီနက်ဇ်နဲ့ဝုလ်အသင်းအကြား ၂၀၂၃ အထိစာချုပ်သက်တမ်းရှိနေခဲ့တာပါ။
Win Kyaw Min

အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမာအဖြစ် ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဝုလ်ဗာဟမ်တန်အသင်းရဲ့မက္ကဆီကိုတိုက်စစ်မှူးရာအူးလ်ဂျီမီနက်ဇ်ဟာ ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာသွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက် အသင်းသမိုင်းတစ်လျှောက်သွ င်းဂိုး အများဆုံးကစားသမားဖြစ်လာ ခဲ့ခြ င်းနဲ့ အတူ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီလို့ as.com က ဖော်ပြလာခဲ့ပါတယ်။

၂၀၁၈ခုနှစ်ကဘင်ဖီကာအသင်းကနေ အငှားလာကစားခဲ့ရာမှာ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် ရာ သီကုန်မှာအပြီးသတ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ဂျီမီနက်ဇ်ရဲ့ သွင်းဂိုးစုစုပေါင်းက ၂၃ဂိုးအထိရှိလာခဲ့ပြီဖြစ်တဲ့ အတွက် အခုလိုအသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့တာပါ။



ဝုလ်ဗာဟမ်တန်အသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် စတီဗင်ဖလက်ချာ ကသွင်းဂိုး ၂၂ဂိုးနဲ့ ၂၀၁ဝက စံချိန်တင်ထားတာဖြစ်ပြီး ရာအူးလ်ဂျီမီနက်ဇ်က ဆယ်စုနှစ်တစ်ခုအကြာ မှ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရာအူူးလ်ဂျီမီနက်ဇ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ပွဲကစားပြီး ၁၃ဂိုး သွင်းယူနိုင်ခဲ့သလို လက်ရှိရာသီမှာလည်း သွင်းဂိုး ၁ဝဂိုးအထိရယူထားနိုင်ခဲ့တဲ့ အတွက် အခုလိုသွင်း ဂိုးအများဆုံးကစားသမားဖြစ်လာခဲ့တာပါ။

လက်ရှိဝုလ်အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရာအူးဂျီမီနက်ဇ်၊ အက်ဒမာထရာအိုရေးလ်၊ ဒီ ယေဂိုဂျိုတာတို့ ၃ဦးပေါင်းသွင်းဂိုးက ၁ရဂိုးအထိရှိလာခဲ့ပြီး ပွဲစဉ်-၂၃အပြီး သွင်းဂိုး၃၄ဂိုးရရှိခဲ့ခြင်းကပြီး ခဲ့တဲ့ရာသီ တစ်ရာသီလုံးသွင်းဂိုး ၄၇ ဂိုးကိုလိုက်မီဖို့ရှိလာခဲ့တဲ့အတွက် အသင်းရဲ့တိုက်စစ်ပိုင်းပိုပြီး ထ က်မြတ်လာတယ်လို့ပဲ ဆိုရမှာပါ။


Author


က္က