ဂိုးမရှိသရေကျခဲ့ပါတယ်။
Kyaw Ko Ko Sint

ဝုလ်က ၂ ကြိမ်တိုင်တိုင် ဂိုးပေါက်တည့်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဂိုးပေါက်ကန်သွင်းမှု စုစုပေါင်း ၁၀ ကြိမ်မှာ တစ်ကြိမ်မှ ဂိုးပေါက်တည့်ခြင်းမရှိခဲ့တာပါ။

ဝုလ်ကို ဂိုးမရှိသရေကျခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာတော့ ယူနိုက်တက်အသင်းဟာ ဂိုးပေါက်တည့်မတ်အောင် ကန်သွင်းနိုင်ခြင်း လုံးဝမရှိခဲ့ပါဘူး။



ဒီလို ဂိုးပေါက်ကို တည့်မတ်အောင် ကန်သွင်းနိုင်ခြင်း လုံးဝမရှိခဲ့တဲ့ အခြေအနေကတော့ ယူနိုက်တက်အတွက် နောက်ဆုံး ၅ နှစ်မှာ ပြည်တွင်းပွဲတွေထဲ ပထမဆုံး အကြိမ်လို့လည်း BBC SPORT သတင်းဌာနက ဖော်ပြလာ ပါတယ်။

ဒီရာသီအတွက်ဆိုရင်တော့ ဒုတိယမြောက် ဂိုးပေါက်လုံးဝတည့်မတ်ခြင်းမရှိတဲ့ ပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ အေဇက်အယ်လ်ခမာနဲ့ယူရိုပါလိဂ်ပွဲတုန်းကလည်း ဂိုးပေါက်တည့်မောက်အောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့တာပါ။

ဂိုးမရှိသရေကျတဲ့အတွက် ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းမှာ ပြန်ကစားရဖို့ ရှိနေပြီး အခုလို တတိယအဆင့်မှာ ပြန်ကန်ပွဲ ကစားရတဲ့ အဖြစ်ကလည်း ယူနိုက်တက်အတွက် ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ဝက်စ်ဟမ်းနဲ့ ကစားအပြီး ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပြန်ပါတယ်။

အခုလို ဝုလ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲမှာတော့ ယူနိုက်တက်အသင်းဟာ ထောင့်ကန်ဘော ၅ ကြိမ်သာရပြီး ဝုလ်ကတော့ ၈ကြိမ်ထိရခဲ့ပါတယ်။ ဂိုးပေါက်တည့်မတ်မှုမှာတော့ ဝုလ်က ၂ ကြိမ်တည့်ခဲ့ပေမယ့် ယူနိုက်တက်က တော့ လုံးဝ မရှိခဲ့တာပါ။


Author


က္က