စျေးကွက်တန်ဖိုး ဒေါ်လာသန်း ၂၅၀ အထိ ရှိသွားခဲ့ပါတယ်။

ယူနိုက်တက်အတွက်တော့ လက်မှတ်ထိုးစာချုပ်ချုပ်ဆိုမှု မပြုလုပ်ရသေးခင်မှာပဲ ကြီးမားတဲ့အကျိုးအမြတ်တွေကို ရော်နယ်ဒိုကြောင့် ခံစားလိုက်ရပြီဖြစ်ပါတယ်။ 


ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုခဲ့ပြီးနောက်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စတော့ရှယ်ယာတွေဟာ စျေးကွက်အတွင်း ထိုးတက်သွားခဲ့တယ်လို့ သိရပါတယ်။ ၈% အထိ မြင့်တက်သွားခဲ့ပြီး ယူနိုက်တက်အတွက်တော့ လက်မှတ်ထိုးစာချုပ်ချုပ်ဆိုမှု မပြုလုပ်ရသေးခင်မှာပဲ ကြီးမားတဲ့အကျိုးအမြတ်တွေကို ရော်နယ်ဒိုကြောင့် ခံစားလိုက်ရပြီဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားပေးခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရီးရဲလ်မှာ ၉ နှစ်ကြာကစားပေးခဲ့ပြီး ဂျူဗီကို ထပ်မံပြောင်းရွှေ့ခဲ့ကာ ၃ နှစ်ကစားပေးခဲ့ပြီးနောက် အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်ဖွယ်ရာပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ပြီး အားလုံးကိုလည်း အံ့အားသင့်သွားစေခဲ့ပါတယ်။ 

စတော့ရှယ်ယာက ၈% အထိ မြင့်တက်ခဲ့သလို စျေးကွက်တန်ဖိုးအားဖြင့်လည်း ဒေါ်လာသန်း ၂၅၀ အထိ တက်သွားခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း ရော်နယ်ဒိုရဲ့ လုပ်ခလစာနဲ့ စာချုပ်ချုပ်ဆိုဖို့ ကုန်ကျမယ့်ငွေကြေးအတွက်လည်း အသုံးပြုသွားဖို့ ငွေကြေးအလုံအလောက်ရှိနေပြီး စိတ်ပူစရာမလိုဘူးလို့ သိရကာ အသင်းဘဏ္ဍာရေးအခြေအနေက ကပ်ရောဂါကာလအတွင်းမှာပဲ တောင့်တင်းနေဆဲဖြစ်ပါတယ်။ 



ရော်နယ်ဒိုဝတ်ဆင်ကစားမယ့် ဂျာစီနံပါတ်ကို အတည်ပြုပြီးပါကလည်း ဂျာစီရောင်းချရမှုပမာဏက များပြားမယ်လို့လည်း ယုံကြည်ရပါတယ်။ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းကြေညာခဲ့မှုဟာ တွစ်တာမှာ ၁၀ မိနစ်အတွင်း Retweet ပေါင်း ၃၃၁၄၀၀ အထိရှိခဲ့ပြီး မက်ဆီကို ပီအက်စ်ဂျီအသင်းကြေညာစဉ်က အများဆုံးဖြစ်ခဲ့တဲ့ ၂၅၇၅၀၀ ဆိုတဲ့ အရေအတွက်ကိုပါ ကျော်လွန်နိုင်ခဲ့ကြောင်း BettingOdds က ဆိုပါတယ်။ 



က္က