ဆုဖလားစိန်ခေါ်နိုင်စွမ်းရှိပြီလို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားပြီး အမှတ်ပေးဖလားကို ၃ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ ကိုင်မြှောက်နိုင်ခဲ့သူတွေဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ပြီး အကောင်းဆုံးတိုက်စစ်ကို ပုံဖော်ခဲ့တဲ့ တိုက်စစ်မှူးဟောင်းဝိန်းရွန်နီက အသင်းဟောင်းဟာ ရော်နယ်ဒိုရောက်ရှိလာမှုနဲ့အတူ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားပြီး အမှတ်ပေးဖလားကို ၃ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ ကိုင်မြှောက်နိုင်ခဲ့သူတွေဖြစ်ပါတယ်။ 

လက်ရှိမှာ ရွန်နီက ကစားသမားဘဝကအနားယူခဲ့ပြီဖြစ်ပြီး ဒါဘီနည်းပြအဖြစ် ကိုင်တွယ်နေကာ ရော်နယ်ဒိုကတော့ အသက် ၃၆ နှစ်အရွယ်ရှိနေပေမယ့် ထိပ်တန်းအဆင့်မှာ ကစားနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ကို ရော်နယ်ဒို တကျော့ပြန်ရောက်ရှိလာချိန်မှာ ထိပ်ဆုံးကနေ ကြိုဆိုသူတွေထဲ ရွန်နီလည်း ပါဝင်ခဲ့ပြီး အခုအခါမှာတော့ သူ့အသင်းဖော်ဟောင်းရဲ့ အကျိုးသက်ရောက်မှုကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"ရော်နယ်ဒိုက ဘယ်လောက်ထိ အကျိုးသက်ရောက်လဲဆိုရင် အရမ်းကိုကြီးမားပါတယ်၊ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်ရှိနေဆဲလို့ ကျွန်တော်ထင်ပါတယ်၊ အိုင်ယာလန်နဲ့ပွဲမှာ သူ ဘာလုပ်ပြသွားလဲဆိုတာ အားလုံးလည်းတွေ့မှာပါ၊ နောက်ဆုံးမိနစ်တွေမှာ သူ နှစ်ဂိုးသွင်းပေးခဲ့ပြီး နှစ်ဂိုးစလုံးက အရမ်းကောင်းတဲ့ ခေါင်းတိုက်ချက်တွေပါ၊ ဒါကြောင့်မို့ သူက ပရီးမီးယားလိဂ်မှာလည်း ကြီးမားတဲ့သက်ရောက်မှုတွေကို လုပ်ပြနိုင်ပါလိမ့်မယ်"

"ယူနိုက်တက်က နောက်ဆုံးမှာတော့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ပြီလို့ ကျွန်တော်ထင်ပါတယ်၊ ဒီနှစ်အတွက် အဲဒီလိုမျိုး ကျွန်တော်တကယ်ခံစားနေရပါတယ်၊ ရော်နယ်ဒိုက ကြီးကျယ်တဲ့ကစားသမားတစ်ဦးအဖြစ် ဆက်ကစားနေတုန်းပါပဲ၊ ဒီရာသီမှာလည်း ကြီးကျယ်တဲ့အခိုက်အတန့်တွေကို သူလုပ်ပြဦးမယ်လို့ ထင်တယ်၊ သူ ဂိုးတွေအများကြီးသွငး်နိုင်မယ်ဆိုတာ သေချာပါတယ်" လို့ ရွန်နီက talkSPORT ကတဆင့် ပြောဆိုခဲ့ပါတယ်။ 


ရော်နယ်ဒိုဟာ ယူနိ်ကတက်နဲ့အတူ စတင်လေ့ကျင့်နေပြီဖြစ်ပြီး ဒီတစ်ပတ်ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားပေးမယ်လို့ ယုံကြည်ရပါတယ်။ 



က္က