ဗဟိုခံစစ်ကစားသမားတွေ ဒဏ်ရာရရှိနေတာပါ။
Kg Htet

ချယ်ဆီးအသင်းနည်းပြ ဆာရီဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီမှာ ဂယ်ရီကာဟေးလ်နဲ့ ရူဒီဂါတို့ ဒဏ်ရာရရှိသွားတာကြောင့် ခံစစ်ပိုင်းမှာ ပြဿနာရှိနေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်နောက်ခံကစားသမား ရူဒီဂါဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ယခုရာသီကို လွဲချော်တော့မှာဖြစ်ပါတယ်။ ရူဒီဂါရဲ့ဒူးဒဏ်ရာကို ယခုအပတ်မှာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပေမယ့် ဆာရီက ရူဒီဂါအနေနဲ့ အနည်းဆုံး ၃ လအနားယူရမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။



ချယ်ဆီးအသင်းအတွက် နောက်ထပ်ပိုမိုဆိုးရွားစေတဲ့အရာကတော့ အသင်းခေါင်းဆောင် ဂယ်ရီကာဟေးလ်ဟာ ဖရန့်ဖတ်အသင်းနဲ့ ယနေ့ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းနဲ့လိုက်ပါခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

“ကာဟေးလ် လူစာရင်းမှာ မပါပါဘူး။ ဖနောင့်ကြောဒဏ်ရာပြဿနာကြောင့်ပါ။ သူ ခဏလောက်တော့ အသင်းလူစာရင်းမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ တစ်ပတ်အတွင်း သူ ပြန်လာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ကျွန်တော်တို့ ဗဟိုခံစစ်နဲ့ပတ်သက်ပြီး ပြဿနာတက်နေပါတယ်။ လေ့ကျင့်ရေးမှာ ကျွန်တော်တို့ အက်ဇ်ပလီကူတာကို ဗဟိုခံစစ်မှာထားပြီး ကစားခဲ့ရပါတယ်။ အခုလိုအချိန်မှာ အဲဒီနေရာမှာ ကစားနိုင်တဲ့သူက သူတစ်ယောက်ပဲရှိပါတယ်”

“ဒါက ပုံမှန်ပါပဲ။ အဲဒီလို ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ ပွဲတွေ အများကြီးရှိနေပြီး ဒဏ်ရာပြဿနာတွေနဲ့ ကံမကောင်းခဲ့ပါဘူး။ စိုးရိမ်ပူပင်နေလားဆိုရင် နည်းနည်းတော့ စိုးရိမ်ပါတယ်”

“ရူဒီက အနည်းဆုံး ၃ လလောက်တော့ အနားယူရမှာပါ။ ကျွန်တော် သူ့ကို စကားပြောခဲ့ပါတယ်။ သူလည်း စိတ်ပျက်နေပါတယ်”

“ခင်ဗျား ပြင်းထန်တဲ့ဒဏ်ရာရရှိတဲ့အခါမှာ အရင်အတိုင်းဆက်နေနေဖို့က ခက်ခဲပါတယ်။ သူက အရမ်းသန်မာပါတယ်။ အရင်တုန်းကထက် ပိုကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လာပါလိမ့်မယ်”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က