နည်းပြသစ်ဆာရီကို နှစ်သက်တယ်လို့ပြောခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ဗဟိုခံစစ်ကစားသမား ဒေးဗစ်လုဇ်ဟာ ချယ်ဆီးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်းနဲ့ နည်းပြသစ်ဆာရီရဲ့အတွေးအမြင်တွေကို နှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒေးဗစ်လုဇ်ဟာ နည်းပြဟောင်းကွန်တီရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ကန့်သတ်ခံထားရတာကြောင့်် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားခဲ့သူဖြစ်ပါတယ်။



4EA6D3E900000578-6005073-image-a-43_1532902148900.jpg

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်လုဇ်ကို နည်းပြသစ်ဆာရီက ပထမဆုံးစတင်ကိုင်တွယ်တဲ့ပွဲစဉ် ၂ ပွဲစလုံးမှာ ပွဲထွက်ခွင့်ပေးခဲ့ပြီး ချယ်ဆီးအသင်းနဲ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ ချယ်ဆီးအသင်းကို ပေါင် ၃၂ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ဒေးဗစ်လုဇ်က အသင်းမှာနေဖို့ ပြန်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်အသင်းမှာနေဖို့ ပြန်လာတာပါ"

"ပဲရစ်ကနေ ဒီကိုပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဟာ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့နဲ့ ချယ်ဆီးအသင်းနဲ့အတူ နောက်ထပ်တစ်စုံတစ်ခုကို ထပ်မံရယူဖို့ပါ။ ဒီမှာ ရှိနေရတာ ပျော်ရွှင်ပါတယ်"

"ကျွန်တော် ဆာရီရဲ့အတွေးအခေါ်ကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ အသာစီးယူပြီး နည်းစနစ်ပိုင်းအရ ဘောလုံးပိုင်ဆိုင်မှုအများကြီးနဲ့ကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့အတွေးအခေါ်တွေကို လျင်လျင်မြန်မြန် ကျွန်တော်တို့သင်ယူနိုင်အောင် နေ့တိုင်း သူ အကူအညီပေးနေပါတယ်"

 

ပြီးခဲ့တဲ့လအနည်းငယ်ကအထိ အသင်းမှာ ဆက်ရှိနေဖို့မရေမရာဖြစ်နေတဲ့ ဒေးဗစ်လုဇ်ဟာ ချယ်ဆီးအသင်းက နောက်ထပ်ခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူချင်နေတယ်ဆိုတဲ့သတင်းအပေါ်မှာ သက်တောင့်သက်သာရှိနေတဲ့ပုံနဲ့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အတွက် ပထမဆုံးခြေလှမ်းတွေ စတင်တော့မယ့် ရော်နယ်ဒို 

"ထူးခြားဆန်းကြယ်တဲ့ကစားသမားတွေရှိနေတာ ကောင်းပါတယ်။ ၁၁ ယောက်ထက်ပိုပြီးတော့ပေါ့"

"ခင်ဗျားမှာ ကစားသမားတွေအများကြီးရှိမယ်ဆိုရင် ပွဲထွက် ၁၁ ယောက်စာရင်းထဲမှာ ထည့်ပြီးကစားလို့ရတာပေါ့။ အဲဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့စိန်ခေါ်မှုတစ်ခုပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က