loading...

loading...

loading...

အီဒင်ဟာဇက်ကသာ အကောင်းဆုံးလို့ ပြောခဲ့တာပါ။
Kg Htet

ချယ်ဆီးအသင်းရဲ့လက်ထောက်နည်းပြ ဇိုလာက ချယ်ဆီးအသင်းရဲ့အကောင်းဆုံး နိုင်ငံခြားသားကစားသမားဟာ ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့် ဟာဇက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီဒင်ဟာဇက်က ချယ်ဆီးအတွက် ကစားပေးခဲ့တာ ၇ နှစ်ရှိပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလား တစ်ကြိမ်စီ ရရှိခဲ့ပါတယ်။ ဘောလုံးခေတ်သစ်မှာ ဒီဒီရာဒရော့ဘာနဲ့ ဇိုလာတို့ဟာ ချယ်ဆီးအတွက် အကောင်းဆုံး ကစားသမားတွေလို့ သတ်မှတ်ခံထားရပေမယ့် ဇိုလာက အီဒင်ဟာဇက်ကို အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

“အီဒင်ဟာဇက်က လုံးဝကို ထိပ်တန်းအဆင့်မှာရှိပါတယ်”

“သူက မယုံကြည်နိုင်စရာကစားသမားပါ။ ကျွန်တော် သူနဲ့ အချိန်တွေပိုကုန်ဆုံးရလေ သူ့ကို ကစားသမားတစ်ယောက်အဖြစ်ရော ကောင်လေးတစ်ယောက်အနေနဲ့ပါ ပိုပြီး ချီးကျူးရလေပါပဲ”

“သူ အရမ်းကောင်းမွန်ခဲ့ပါတယ်။ သူ့ကို ကျွန်တော် ကြာကြာဆက်ရှိနေချင်ပါတယ်။ ကျွန်တော်တို့ဒီမှာ ကြိုးစားနေတာတွေအားလုံးက သူနဲ့ လုံးဝသင့်တော်နေအောင်ပါ”

“ကျွန်တော် သူ့ဆီကနေ ဘာကိုမှ ယူမသွားချင်ပါဘူး။ သူ ရရှိခဲ့တာတွေကိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ကစားတဲ့ပုံစံက သူ့ကို အများကြီးအကူအညီပေးတာ သေချာပါတယ်”

“ဟုတ်တာပေါ့။ ဟာဇက် ကျွန်တော်တို့နဲ့နေမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားဖြစ်နေလို့ပါ”လို့ Omni Sport ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က