ချယ်ဆီးအသင်းအတွက် ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ဟာ ချယ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည်ကိုင်တွယ်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဂျူဗင်တပ်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နည်းပြဆာရီရဲ့နေရာမှာ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း Tuttosport က ဖော်ပြခဲ့တာဖြစ်ပါတယ်။



နယူးကာဆယ်အသင်းနဲ့ ဘင်နီတက်ဇ်တို့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပြီး ဘင်နီတက်ဇ်ဟာ နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် ထိန်းကျောင်းပေးခဲ့ပြီးနောက် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုမပေးသေးသူဖြစ်ပါတယ်။

ဘင်နီတက်ဇ်ဟာ ၂၀၁၂-၂၀၁၃ ရာသီမှာ ချယ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ချယ်ဆီးပရိသတ်တွေကြားမှာ ဘယ်တုန်းကမှ ထင်ရှားကျော်ကြားခဲ့ခြင်းမရှိတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ လီဗာပူးအသင်းကို ကိုင်တွယ်စဉ်က ချယ်ဆီးနည်းပြ မော်ရင်ဟိုနဲ့ ပြိုင်ဘက်တွေဖြစ်ခဲ့တာကြောင့် ဘင်နီတက်ဇ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့်ကိစ္စကို ပရိသတ်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမယ့် ဘင်နီတက်ဇ်ဟာ ချယ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့တစ်ရာသီအတွင်း ယူရိုပါလိဂ်ဖလားကို ရယူပေးခဲ့ပြီး လက်ရှိအချိန်မှာ ချယ်ဆီးအသင်းကို ဒုတိယအကြိမ်ပြန်လည်ကိုင်တွယ်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က