ချယ်ဆီးအသင်းက ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အာဆင်နယ်အသင်းက ဆောက်သမ်တန်အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ယနေ့ညမှာ တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးနဲ့ ဘရိုက်တန်၊ ဆောက်သမ်တန်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အာဆင်နယ်အသင်းက ဆောက်သမ်တန်အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ချယ်ဆီးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ပထမပိုင်း စတင်ချိန်ကတည်းက လွှမ်းမိုးထားနိုင်ခဲ့ပြီး ပထမပိုင်း ၁၇ မိနစ်မှာ ပက်ဒရိုက ဟာဇက်ရဲ့ပေးပိုု့မှုကနေတစ်ဆင့် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၃၃ မိနစ်မှာ ဟာဇက်က ဝီလီယံရဲ့ပေးပို့မှုကနေတစ်ဆင့် ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။



ဒုတိယပိုင်းမှာ အိမ်ရှင်ဘရိုက်တန်အသင်းက ချယ်ဆီးအသင်းဘက်ကို ဖိအားပေးတိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပြီး ၆၆ မိနစ်မှာ ဆိုလီမာ့ချ်က ဘာနာဒိုရဲ့ပေးပို့မှုကနေတစ်ဆင့် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ချေပဂိုးပေးခဲ့ရပြီးနောက် လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ထပ်ဦးဆောင်ဂိုးတွေ ထပ်မံရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်ဘရိုက်တန်အသင်းကရော ချယ်ဆီးအသင်းကပါ နောက်ထပ် သွင်းဂိုးတွေ ထပ်မံမသွင်းယူနိုင်ခဲ့ဘဲ ချယ်ဆီးအသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းက ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဖွင့်ဂိုးကို အိမ်ရှင်ဆောက်သမ်တန်အသင်းက ပထမပိုင်း မိနစ် ၂၀ မှာ ဒန်နီအင့်ရဲ့ သွင်းဂိုးကြောင့် ရရှိခဲ့တာဖြစ်ပြီး ၂၈ မိနစ်မှာ မစ်ခီတာယန်းက အာဆင်နယ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီး ၄၄ မိနစ်မှာ ဒန်နီအင့်ကပဲ ဆောက်သမ်တန်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ရက်ဒ်မွန်းရဲ့ပေးပို့မှုကနေတစ်ဆင့်သွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက လာကာဇက်ကို ထည့်သွင်းကစားပြီး တိုက်စစ်ကို မြှင့်တင်ခဲ့ပါတယ်။ ၅၃ မိနစ်မှာ လာကာဇက်ရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် မစ်ခီတာယန်းကပဲ အာဆင်နယ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

နှစ်ဖက်အသင်းဟာ လူစားလဲလှယ်မှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး ဒုတိယပိုင်း လက်ကျန်မိနစ်တွေမှာ အနိုင်ဂိုး ရရှိဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၈၅ မိနစ်မှာ ရှိန်းလောင်းရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ချာလီအော်စတင်က ဆောက်သမ်တန်အသင်းအတွက် လိုအပ်နေတဲ့ အနိုုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၃-၂ နဲ့ အာဆင်နယ်အသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က