ဒီနေ့ည ၁၁ နာရီမှာ ကစားသွားကြမှာပါ။

ဒီနေ့ညကစားမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲကတော့ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာကြောင့် အကြိတ်အနယ်ရှိမှာသေချာပါတယ်။ ၂၀၁၇ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ကြတုန်းက ချယ်လ်ဆီးတို့အရေးနိမ့်ခဲ့ရပြီး ဒီပွဲက ပြန်လည်လက်စားချေရမယ့်ပွဲလည်းဖြစ်ပါတယ်။ 


ထူးခြားအချက်အလက်များ

__________________


- အာဆင်နယ်အတွက်တော့ ဒီဗိုလ်လုပွဲက ၂၁ ကြိမ်မြောက်ကစားရမှာဖြစ်ပြီး အခြားသောဘယ်အသင်းတွေထက်မဆို ပိုမိုများပြားနေတာလည်းဖြစပါတယ်။ အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ ဗိုလ်လုပွဲ ၂၀ ကြိမ်မှာ ၁၃ ကြိမ်အထိ အနိုင်ရဗိုလ်စွဲထားခဲ့ပါတယ်။

- ချယ်လ်ဆိးကတော့ ဗိုလ်လုပွဲကို ၁၄ ကြိမ်မြောက်ကစားရတာဖြစ်ပြီး အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ပြီးနောက် အကြိ်မ်အများဆုံးကစားထားတဲ့ အသင်းဖြစ်ပါတယ်။ 


- ဒါဟာ ပြီးခဲ့တဲ့ လေးရာသီအတွင်းမှာ အာဆင်နယ်အတွက် သူတို့ရဲ့ရာသီအဆုံးသတ်ကို ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရတာ ၃ ကြိမ်မြောက်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ အက်ဖ်အေဖလားဗိုလ်လုပွဲ၊ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲတွေမှာ အာဆင်နယ်တို့ အရေးနိမ့်ခဲ့ပါတယ်။

- အာတီတာကတော့ အာဆင်နယ်ကို ကစားသမားဘဝနဲ့ရော၊ နည်းပြအဖြစ်နဲ့ပါ ဗိုလ်လုပွဲနဲ့ ရင်ဆိုင်ရတဲ့ ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ သူ့အရင် ပထမဆုံးပုဂ္ဂိုလ်ကတော့ ဂျော့ဂရေဟမ်ဖြစ်ပြီး အာတီတာအနေနဲ့ ဆုဖလားရရှိခဲ့မယ်ဆိုရင် အသင်းခေါင်းဆောင်အဖြစ်၊ နည်းပြတစ်ယောက်အဖြစ်နဲ့ အက်ဖ်အေဖလားရရှိတဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာမှာပါ။ 


- ၂၀၁၂ မှာ ဒီမက်တီယို နဲ့ ကင်နီဒဲဂလစ်ရှ်တို့က ချယ်လ်ဆီးနဲ့ လီဗာပူးလ်နည်းပြတွေအဖြစ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ပြီးနောက် အခုဗိုလ်လုပွဲဟာ အသင်းကစားသမားဟောင်းနှစ်ဦးက သူတို့ရဲ့အသင်းတွေကို နည်းပြအဖြစ်နဲ့ ဗိုလ်လုပွဲတက်စေပြီး ပြန်လည်ဆုံတွေ့စေတဲ့ ၂ကြိမ်မြောက်ဖြစ်ပါတယ်။ အာတီတာကတော့ ၂၀၁၄ မှာ ဆုဖလားဆွတ်ခူးခဲ့ပြီး လမ်းပတ်ကတော့ ချယ်လ်ဆီးနဲ့ ဗိုလ်လုပွဲငါးကြိမ်ကစားဖူးပြီး ၄ကြိမ်ဗိုလ်စွဲခဲ့ဖူးပါတယ်။ ပိုပြီးထူးခြားတာက လမ်းပတ်ရှုံးနိမ့်ခဲ့တာဟာ အာဆင်နယ်ဖြစ်ပြီး ၂၀၀၂ ဗိုလ်လုပွဲမှာပါဖြစ်ပါတယ်။

- ၁၉၉၄ ခုနှစ်မှာ ဂလင်းဟော်ဒယ်က ချယ်လဆ်ိးကို အက်ဖ်အေဖလားဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့ပြီးနောက် လမ်းပတ်က ချယ်လ်ဆိးကို အဓိကဖလားပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲဆီပို့ပေးခဲ့တဲ့ ပထမဆုံးအင်္ဂလန်သားနည်းပြဖြစ်လာခဲ့ပါတယ်။ 


- နောက်ဆုံးတွေ့ဆုံထားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ် ၂ပွဲမှာတော့ တစ်ပွဲစီအနိုင်ရရှိထားခဲ့ကြပြီး အဆိုပါနှစ်ပွဲစလုံးဟာ ၂-၁ ဆိုတဲ့ ရလဒ်တွေပဲ ထွက်ပေါ်နေခဲ့ပါတယ်။

- ဒီရာသီပရီးမီးယားလိဂ်မှာ တွေ့ဆုံထားခဲ့ကြရာမှာတော့ အာဆင်နယ်ကွင်းမှာ ချယ်လ်ဆီးက ၁-၂ နဲ့အနိုင်ရရှိထားခဲ့ပြီး ချယ်လ်ဆိးကွင်းမှာ ၂-၂ သရေပွဲဖြစ်ခဲ့ပါတယ်။


- သမိုင်းတစ်လျှောက် စုစုပေါင်း တွေ့ဆုံခဲ့တဲ့ ၂၀၁ ကြိမ်မှာ ချယ်လ်ဆီးက ၆၅ ပွဲအနိုင်ရထားပြီး အာဆင်နယ်က ၅၇ ပွဲအနိုင်ရကာ ၇၇ ပွဲ သရေကျထားခဲ့ပါတယ်။ 




က္က