မနက်ဖြန်မှာ ကစားသွားရမှာပါ။
Pyae Phyo Thein

 အီဂါလိုအနေနဲ့ ၂၀၁၆ မှာ ဝက်ဖို့ဒ်နဲ့အတူ ဆီမီးဖို်င်နယ်ကို တက်ရောက်ခဲ့ပေမယ့် ပဲေ့လစ်ကို အရေးနိမ့်ခဲ့ဖူးသူဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးအီဂါလိုက ချယ်လ်ဆီးနဲ့ကစားရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ဗိုလ်လုပွဲကို အရောက်လှမ်းဖို့ ရည်မှန်းထားကြောင်း ပြောဆိုလိုက်ပါတယ်။ အီဂါလိုအနေနဲ့ ၂၀၁၆ မှာ ဝက်ဖို့ဒ်နဲ့အတူ ဆီမီးဖို်င်နယ်ကို တက်ရောက်ခဲ့ပေမယ့် ပဲေ့လစ်ကို အရေးနိမ့်ခဲ့ဖူးသူဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် ချယ်လ်ဆီးကို အနိုင်ယူပြီး ဗိုလ်လုပွဲကို ယူနိုက်တက်နဲ့အတူ တက်ရောက်ခွင့်ရရှိခဲ့ပါက သူ့ရဲ့ဘဝအတွက်ရော၊ ကစားသမားဘဝမှာပါ ကြီးမြတ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ အီဂါလိုက ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ ၁၉ ဆက်တိုက်ရှုံးပွဲမရှိစံချိန်ကိုပိုင်ဆိုင်ထားပြီး ချယ်လ်ဆီးနဲ့ ဒီရာသီမှာ ၃ကြိမ်ရင်ဆိုင်ထားခဲ့ရာမှာ ၃ ကြိမ်စလုံးအနိုင်ရရှိထားခဲ့ပါတယ်။ 

"လူတိုင်းက ချယ်လ်ဆီးလို အသင်းကြီးနဲ့ ရင်ဆိုင်ချင်နေကြတာပါ၊ သူတို့နဲ့ တွေ့ရင်လည်း ကောင်းကောင်းကစားနိုင်ဖို့ ဆန္ဒရှိပါတယ်၊ ဒီပွဲကိုအနိုင်ရရင် ဗိုလ်လုပွဲတက်ပါပြီ၊ ဒါကြောင့် ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပြီး အနိုင်ရဖို့အတွက် ဘာမဆိုလုပ်သွားမှာပါ၊ ဗိုလ်လုပွဲကိုတက်ရောက်နိုင်မယ်ဆိုရင် ကျွန်တော့်ဘဝအတွက်၊ ကစားသမားဘဝအတွက် ကြီးမြတ်မှုပါပဲ"

"၂၀၁၆ မှာ ကျွန်တော်လွဲချော်ခဲ့ပေမယ့် အခုတော့ ကျွန်တော့်တစ်ဘဝလုံးအားပေးခဲ့တဲ့အသင်းနဲ့အတူ ဗိုလ်လုပွဲတက်နိုင်မယ့်အခွင့်အရေးရှိလာခဲ့ပါပြီ၊ ကျွန်တော့်အိပ်မက်တွေပြည့်စုံတော့မှာဖြစ်ပြီး ဒီပွဲက ခက်ခဲတယ်ဆိုပေမယ့် ဗိုလ်လုပွဲကိုအရောက်သွားမှာပါ၊ ဒီရာသီမှာ သူတို့နဲ့ ၃ကြိမ်တွေ့ခဲ့ပြီး ၃ကြိမ်လုံးအနိုင်ရထားပါတယ်၊ အခု ဆီမီးဖိုင်နယ်ပွဲကစားရမှာပါ၊ ပွဲအစအဆုံး အားထုတ်သွားမှာဖြစ်ပြီး သူတို့နဲ့ရင်ဆိုင်ရတိုင်း ခက်ခဲပါတယ်"

"ဒါပေမယ့်လည်း ဘယ်အသင်းကိုမဆို အနိုင်ယူဖို့ ကျွန်တော်တို့အသင့်ဖြစ်နေပါပြီ" လို့ အီဂါလိုက အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့ပါတယ်။ အီဂါလိုက အသင်းဖော်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ် နဲ့ ဂရင်းဝုဒ်တို့ကိုလည်း ချီးကျူးစကားဆိုခဲ့ပြီး သူ့အနေနဲ့ လူစားဝင်တိုက်စစ်မှူးအဖြစ်နဲ့သာရှိနေပေမယ့် ကစားရချိန်မှာ အကောင်းဆုံးကစားနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ 


Author


က္က