သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးဖြစ်ပါတယ်။
Pyae Phyo Thein

ဟော့စ်အတွက် ထူးခြားမှတ်တမ်းကို ရယူနိုင်ခဲ့ပေမယ့်လည်း အသင်းအရေးနိမ့်ခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ဗီလာဟာ တန်းမဆင်းရဖို့ မျှော်လင့်ချက် နည်းပါးသထက် နည်းပါးလာခဲ့ပါတယ်။


ချယ်လ်ဆီးကို အိမ်ကွင်းမှာအရေးနိမ့်ခဲ့တဲ့့ပွဲမှာ ဗီလာအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကော့နေးဟော့စ်ဟာ ထူးခြားတဲ့မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အင်္ဂလန်နောက်ခံလူဟာ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးကြောင့် အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံးလိဂ်လေးခုမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ 

ဟော့စ်ဟာ ပွဲကစားချိန် ၄၃ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ချယ်လ်ဆီးက ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူခဲ့လို့ ဗီလာတို့ အရေးနိမ့်ခဲ့ရပါတယ်။ ဟော့စ်အတွက် ထူးခြားမှတ်တမ်းကို ရယူနိုင်ခဲ့ပေမယ့်လည်း အသင်းအရေးနိမ့်ခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ဗီလာဟာ တန်းမဆင်းရဖို့ မျှော်လင့်ချက် နည်းပါးသထက် နည်းပါးလာခဲ့ပါတယ်။

၀ိုင်ကွမ်ဘီအသင်းမှာ ပရိုကစားသမားဘဝကို အစပြုခဲ့တဲ့ ဟော့စ်ဟာ အင်္ဂလန်လိဂ်တူးမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဝုလ်ဗ်ကို ပြောင်းရွှေ့ခဲ့ပြီး ချန်ပီယံရှစ်မှာ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်ကနေ ဂီလင်ဟမ်အသင်းကို အငှားနဲ့သွားရောက်ကစားချိန်မှာတော့ လိဂ်ဝမ်းမှာ ကစားခဲ့ရပြီး ဂီလင်ဟမ်အတွက်လည်း ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ 

ဗီလာကိုလည်း ပြီးခဲ့တဲ့ရာသီမှာ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီမှာ အပြီးသတ်ရောက်ရှိခဲ့ကာ ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လိဂ် (၂)၊ လိဂ် (၁)၊ ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်အစရှိတဲ့ အင်္ဂလန်ရဲ့ ထိပ်ဆုံးလိဂ်လေးခုမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် ထူးထူးခြားခြားမှတ်တမ်းဝင်ခဲ့တယ်လို့ Opta က ဖော်ပြခဲ့ပါတယ်။ 


Author


က္က