နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့တာပါ။
Pyae Phyo Thein

လက်ကျန် ၇ ပွဲအလိုမှာပဲ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့မှာ ကစားရမယ့် မန်စီးတီးနဲ့ အဝေးကွင်းပွဲစဉ်ကို လီဗာပူးလ်က ချန်ပီယံအသင်းအဖြစ်နဲ့ သွားရောက်ကစားရတော့မှာလည်းဖြစ်ပါတယ်။ 


ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ကစားခဲ့တဲ့ ပွဲစဉ်ကတော့ ပရိသတ်တွေအားလုံးစိတ်ဝင်တစားနဲ့ စောင့်ကြည့်နေခဲ့ရပါတယ်။ ဒီပွဲရလဒ်ပေါ်မူတည်ပြီး လီဗာပူးလ်အသင်း ချန်ပီယံဖြစ်တော့မှာလား၊ နောက်တစ်ပွဲစောင့်ရဦးမှာလားဆိုတဲ့ အဖြေထွက်လာမှာဖြစ်လို့လည်း ပွဲက ပိုပြီးတော့ ရုပ်လုံးကြွနေခဲ့ပါတယ်။ လီဗာပူးလ်ပရိသတ်တွေလည်း ဒီပွဲကို စောင့်ကြည့်နေခဲ့ကြပါတယ်။ 

ချယ်လ်ဆီးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်တာမို့ ဖိဖိစီးစီးကစားဖို့ အာရုံစိုက်ခဲ့ပါတယ်။ မန်စီးတီးကတော့ ရလဒ်ပိုင်းအရ အရေးမကြီးတော့ပေမယ့်လည်း လီဗာပူးလ်ချန်ပီယံဖြစ်ခွင့်ကို အတတ်နိုင်ဆုံးဟန့်တားနိုင်ဖို့ ကြိုးစားခဲ့လို့ အပြန်အလှန်တိုက်စစ်ဆင်မှုတွေ ပွဲကကြည့်ကောင်းခဲ့သလို အမှားအယွင်းတွေကိုယ်စီရှိနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ချယ်လ်ဆီးအတွက် ပူလီဆစ်က အဖွင့်ဂိုးသွငး်ပေးခဲ့ပြီး ဒီဘရိုင်းက အလွတ်တည်ကန်ဘောကတဆင့် လှလှပပကန်သွင်းကာ ချေပဂိုးရယူပေးခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးတိုက်စစ်ဆင်မှုကနေ ဖာနန်ဒင်ဟို ဧရိယာအတွင်း လက်နဲ့ ဘောလုံးကို သိသိသာသာပုတ်ထုတ်ခဲ့လို့ ပယ်နယ်တီပေးခဲ့ရသလို အနီကတ်လည်းပြသခဲ့ရကာ ဝီလီယံက ကန်သွင်းပြီး ချယ်လ်ဆီးအတွက် အနိုင်ဂိုးဖြစ်လာခဲ့ပါတယ်။ 

ဒါဟာ လီဗာပူးလ်ကိုလည်း ပရီးမီးယားလိဂ်ဖလားရရှိသွားစေခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် လီဗာပူးလ်က ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ကျန် ၇ ပွဲအလိုမှာပဲ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့မှာ ကစားရမယ့် မန်စီးတီးနဲ့ အဝေးကွင်းပွဲစဉ်ကို လီဗာပူးလ်က ချန်ပီယံအသင်းအဖြစ်နဲ့ သွားရောက်ကစားရတော့မှာလည်းဖြစ်ပါတယ်။ 


လီဗာပူးလ်ပရိသတ်တွေအတွက်လည်း သူတို့အသင်းရဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်ရရှိမယ့် အမှတ်ပေးဖလားအတွက် အောင်ပွဲခံခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးလ်ကို နှောင့်နှေးစေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မစွမ်းဆောင်နိုင်တော့ဘဲ ချန်ပီယံဖြစ်ခွင့်ပေးလိုက်ရပြီလည်းဖြစ်ပါတယ်။ 


Author


က္က