ဒီနေ့ညမှာ ကစားသွားကြတော့မှာဖြစ်ပါတယ်။
Pyae Phyo Thein

ကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကို မေ့ထားပစ်လို့ရမယ့် အခွင့်အရေးဖြစ်ပြီး အက်ဖ်အေဖလားကို အာရုံစိုက်ရမယ်လို့လည်း ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။ 


အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက အခုအချိန်ဟာ ဗိုလ်လုပွဲတက်ရောက်ပြီး ပျော်ရွှင်ရမယ့်အချိန်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကို မေ့ထားပစ်လို့ရမယ့် အခွင့်အရေးဖြစ်ပြီး အက်ဖ်အေဖလားကို အာရုံစိုက်ရမယ်လို့လည်း ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ကတော့ ပြိုင်ပွဲစုံ ၁၉ ပွဲဆက်တိုက်ရှုံးပွဲမရှိထားဘဲ ခြေစွမ်းပြနေတဲ့အသင်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာလည်း ၆ ပွဲအထိ အနိုင်ရရှိထားခဲ့ပြီး ချယ်လ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ ဒီရာသီ ၃ ကြိမ်စလုံးမှာလည်း အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ တိုက်ပွဲဝင်နေတဲ့ ကစားသမားတွေကို အဆိုပါပြိုင်ပွဲကို မေ့ထားပြီး ဆုဖလားရယူနိုင်မယ့် ခံစားချက်မျိုးကို ဆိုးလ်ရှားက ခံစားစေချင်တာလည်းဖြစ်ပါတယ်။ 

"မှန်ကန်တဲ့ စိတ်သဘောထားနဲ့ ကျွန်တော်တို့ ကစားသွားရမှာပါ၊ ဘာကြောင့်လဲဆိုရင် ဗိုလ်လုပွဲကို တက်ရောက်ပြီးတော့ ပျော်ရွှင်ရမယ့်အချိန်လည်းဖြစ်နေလို့ပါပဲ၊ ဒီလောက်ထိရောက်လာအောင် ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီးတော့ ဆုံးရှုံးစရာဘာမှမရှိတော့ပါဘူး၊ ကစားသမားတွေ ဒီပွဲကို အကောင်းဆုံးနဲ့ ပျော်ပျော်ရွှင်ရွှင်ကစားသွားစေချင်ပါတယ်"

"ခက်ခဲတဲ့ပွဲဖြစ်မှာပါ၊ ချယ်လ်ဆီးအကြောင်း ကျွန်တော်တို့ကောင်းကောင်းသိထားပါတယ်၊ သူတို့နဲ့ ဒီရာသီမှာ အကြိမ်ကြိမ်ကစားခဲ့ဖူးပြီး သူတို့က အသင်းကောင်းတစ်သင်းပါ၊ ဒါပေမယ့် ဗိုလ်လုပွဲကိုတက်ရောက်ဖို့ နီးစပ်နေပြီး ကျွန်တော့်ကောင်လေးတွေကလည်း အရောက်သွားချင်နေပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

ဒီနေ့ကစားမယ့် ချယ်လ်ဆီးနဲ့ပွဲကို နောက်ခံလူလုခ်ရှော လွဲချော်မယ်လို့ ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။ "လုခ်ကတော့ လွဲချော်မှာပါ၊ သူ ပြန်ကောင်းလာဖို့ မရှိသေးပါဘူး၊ ဘရန်ဒန်ကတော့ မျှော်လင့်နိုင်ပါတယ်၊ သူက ဒီနေ့အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ပြီး သူ ဘောလုံးကို ကောင်းကောင်းမြင်နိုင်မယ်ဆိုရင်တော့ ပါဝင်လာမှာပါ" လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။ 


Author


က္က