ဆောက်သမ်တန်ကို အနိုင်ရတာနဲ့ တက်လှမ်းနိုင်တော့မှာပါ။
Pyae Phyo Thein

လက်ရှိမှာ ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ တစ်မှတ်၊ လက်စတာနဲ့ နှစ်မှတ်သာ ကွာဟနေတာဖြစ်ပြီး ဒီနေ့ကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၃နေရာအထိကို တက်လှမ်းနိုင်တော့မှာဖြစ်ပါတယ်။


ဒီတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ မှာတော့ ချယ်လ်ဆီးနဲ့ လက်စတာတို့ ရှုံးပွဲတွေနဲ့သာ ရင်ဆို်င်ခဲ့ရပါတယ်။ ဒါဟာ ၃ပတ်အတွင်းမှာ သူတို့နှစ်သင်းပြိုင်တူအရေးနိမ့်မှုက ၂ကြိမ်မြောက်ဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ အခွင့်အရေးကောင်းတွေဖြစ်လာခဲ့ပါတယ်။ 

ချယ်လ်ဆီးက ရှက်ဖီးကို ၃-၀ နဲ့ အရေးနိမ့်ခဲ့သလို လက်စတာကလည်း ဘုန်းမောက်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ လက်စတာကတော့ အမှတ်ပေးဇယားအဆင့် ၂ နဲ့ ၃ တို့မှာ အချိန်အတော်ကြာရှိနေခဲ့ပေမယ့် ပြန်လည်စတင်ခဲ့ချိန်မှာတော့ ရလဒ်တွေဆက်တိုက်ကျဆင်းခဲ့ပြီး လက်ရှိမှာ အဆင့် ၅ နေရာအထိ ရောက်ရှိဖို့ နီးစပ်ခဲ့ပြီဖြစ်ပါတယ်။ 

အားထားရတဲ့ နောက်ခံလူ ဆိုယွန်ကူကလည်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ လက်ကျန်ပွဲအားလုံးကို လွဲချော်တော့မှာဖြစ်ပါတယ်။ သူတို့ရဲ့ အမှားအယွင်းတွေက မန်ချက်စတာယူနိုက်တက်အသင်းအတွက် တော်တော်လေးအကျိုးရှိနေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ မသေမချာဖြစ်နေခဲ့တဲ့အခြေအနေကနေ အဆင့် ၃ နေရာအထိကိုတောင်မှ တက်လှမ်းနိုင်ဖို့ ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ ၂ မှတ်၊ လက်စတာနဲ့ ၁ မှတ်သာ ကွာဟနေတာဖြစ်ပြီး ဒီနေ့ကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၃နေရာအထိကို တက်လှမ်းနိုင်တော့မှာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းတွေ ရလဒ်ဆိုးရွားနေချိန်မှာ ယူနိုက်တက်ကတော့ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ အခွင့်အရေးကောင်းတွေအားလုံးကို ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ 


Author


က္က