ဟာဗက်ဇ်ဟာ ချယ်လ်ဆီးနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး သူ့အတွက် ပေါင် ၇၂သန်းအထိ ချယ်လ်ဆီးက ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးကို ကလပ်စံချိ်န်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ လေဗာကူဆင်ကွင်းလယ်လူဟောင်း ကိုင်ဟာဗက်ဇ်က အသင်းအတွက်ကစားပေးဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဟာဗက်ဇ်ဟာ ချယ်လ်ဆီးနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး သူ့အတွက် ပေါင် ၇၂သန်းအထိ ချယ်လ်ဆီးက ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးနဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် ဟာဗက်ဇ်က "အသင်းကိုရောက်ရှိခဲ့လို့ အရမ်းပျော်ရွှင်မိပြီး ဂုဏ်လည်းယူမိပါတယ်၊ ကျွန်တော့်ရဲ့ အသင်းကြီးတစ်သင်းမှာကစားဖို့ အိပ်မက်တွေက အမှန်တကယ်ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်၊ အသင်းဖော်တွေ၊ လေ့ကျင့်ရေးမှူးတွေနဲ့ တွေ့ဆုံနိုင်ဖို့ မစောင့်နိုင်တော့ပါဘူး၊ ဒီကိုရောက်လာရလို့ အရမ်းပျော်ရွှင်မိပါတယ်၊ အသင်းနဲ့ကစားပေးဖို့လည်း မစောင့်ဆိုင်းနိုင်တော့ပါဘူး" လို့ ဟာဗက်ဇ်ကပြောဆိုခဲ့ပါတယ်။
အသက် ၂၁နှစ်အရွယ်ကစားသမားဟာ ဂျာမနီရဲ့တန်ဖိုးအကြီးမားဆုံးကစားသမားလည်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ လေဗာကူဆင်အတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ဥရောပအသင်းကြီးတွေရဲ့ စောင့်ကြည့်မှုကိုရရှိခဲ့တဲ့ ဟာဗက်ဇ်ကို ချယ်လ်ဆီးက ၂လကြာ ညှိနှိုင်းခဲ့ရပြီးနောက် အပြီးသတ်ခေါ်ယူနိုင်ခဲ့ကာ လာမယ့်ရာသီအတွက် ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။