အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကို လျှော့ချပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
Kg Htet

ချယ်ဆီးနည်းပြဖရန့်လမ်းပတ်ဟာ အသင်းရဲ့အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကို ပယ်ဖျက်ပေးခြင်းခံခဲ့ရပြီးနောက် စိတ်ခံယူချက်နဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ ကစားသမားမျိုးကို ဦးစားပေးခေါ်ယူမှု ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ဒါဘီနည်းပြဟောင်း လမ်းပတ်ဟာ ၎င်းရဲ့ချယ်ဆီးနည်းပြအဖြစ် ပွဲဦးထွက်ရာသီမှာ အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကြောင့် မျက်နှာသစ်ကစားသမားတွေ ခေါ်ယူနိုင်ခဲ့ခြင်းမရှိသူဖြစ်ပေမယ့် အားကစားခုံသမာဓိရုံးကို အယူခံဝင်ထားတာ အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် ဇန်နဝါရီလမှာ ကစားသမားခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

ကစားသမားသစ်တွေ ခေါ်ယူမှုဟာ အသင်းရဲ့လူငယ်ကစားသမားတွေ ပွဲထွက်ခွင့်ကို အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ လမ်းပတ်က အခိုင်အမာပြောကြားခဲ့ပြီး လူအင်အားဖြည့်တင်းဖို့ ရှာဖွေနေတယ်လို့ သိရပါတယ်။

“တကယ်လို့ ကျွန်တော်တို့ ကစားသမားခေါ်ယူဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် အဲဒါက လူစာရင်းကို တိုးတက်အောင်လုပ်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော်တို့ မေဆင်မောင့်၊ တန်မီအေဘရာဟမ်၊ ရိစ်ဂျိမ်းစ်တို့ကို ပွဲထွက်စာရင်းမှာ ထည့်သွင်းပြီး သူတို့ကို ရောင်းချသွားမယ်လို့ တွေးနေရင် ကျွန်တော်တို့ အဲဒီလို မလုပ်ပါဘူး”

“သူတို့တွေ ဒီမှာနေပါလိမ့်မယ်။ အဲဒီတော့ ပရိသတ်တွေလည်း ပျော်ရွှင်ပါလိမ့်မယ်။ သူတို့တွေ ပရိသတ်တွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ပြီး အခု ကျွန်တော်တို့ ရှေ့ဆဆက်ပြီး ကြိုးစားရမယ့်အရာနဲ့ အောက်ခြေကနေ တိုးတက်အောင်လုပ်ရမယ့်အရာအားလုံးကို သိလာပါလိမ့်မယ်”

“ကျွန်တော်တို့ ခေါ်ယူမယ့်ကစားသမားတွေရဲ့ စိတ်ခံယူချက်နဲ့ ကိုယ်ရည်ကိုယ်သွေးကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အသင်းကို ရောက်လာတဲ့ကစားသမားက အလုပ်ကို ကြိုးကြိုးစားစားလုပ်ချင်ပြီး အသင်းမှာ အောင်မြင်ချင်တဲ့သူမျိုး ကျွန်တော်တို့ လိုချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။


Author


က္က