ယူနိုက်တက်နဲ့လီဗာပူးလ်ပွဲအပေါ် သုံးသပ်ခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်းဟာ ယူနိုက်တက်နဲ့အာဆင်နယ်တို့ ပရီးမီးယားလိဂ်ကို လွှမ်းမိုးခဲ့တဲ့ ခေတ်ကာလမှာ ထင်ပေါ်ကျော်ကြားခဲ့သူဖြစ်ပါတယ်။


အာဆင်နယ်အသင်းရဲ့နောက်ခံလူဟောင်းမာတင်ကီအွန်က ဒီတစ်ပတ်ကစားရမယ့် ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲမှာ ယူနိုက်တက်ကသာ အနိုင်ရရှိသွားခဲ့ပါက ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးကျယ်ဆုံးရှော့ခ်ဖြစ်စေမယ့် ပွဲဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မာတင်ကီအွန်က ဒီပွဲမှာ ယူနိုက်တက်အနေနဲ့ ဘယ်လိုမှအနိုင်ရမှာမဟုတ်ဘူးလို့ ယူဆထားတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ် ၈ ပွဲကစားအပြီးမှာ ၂ ပွဲသာအနိုင်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ရလဒ်တွေဆိုးရွားနေခဲ့ပြီး တစ်ပွဲကို တစ်ဂိုးရရှိဖို့ကို တော်တော်လေးအားထုတ်နေရတဲ့အသင်းဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ တစ်ပွဲကို အနည်းဆုံးနှစ်ဂိုးသွင်းယူနေပြီး ၈ပွဲစလုံးကို အနိုင်ကစားထားတာဖြစ်ပါတယ်။

"နှစ်ပေါင်း ၃၀အတွင်းမှာ အဆိုးဝါးဆုံး မန်ချက်စတာယူနိုက်တက်အသင်းကို ကျွန်တော်တို့ တွေ့မြင်နေရတာပါ၊ တကယ်လို့ ဒီတစ်ပတ်မှာသာ ဆိုးလ်ရှားက အနိုင်ယူသွားခဲ့မယ်ဆိုရင်တော့ ဒါက ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးကျယ်ဆုံးရှော့ခ်ဖြစ်ရမယ့် ပွဲတစ်ပွဲလည်းဖြစ်ပါတယ်၊ ဒီပွဲကိုလည်း ကျွန်တော်အမြဲတမ်းအမှတ်ရနေမှာပါ" လို့ ကီအွန်က Talk Sports ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်းဟာ ယူနိုက်တက်နဲ့အာဆင်နယ်တို့ ပရီးမီးယားလိဂ်ကို လွှမ်းမိုးခဲ့တဲ့ ခေတ်ကာလမှာ ထင်ပေါ်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ မဟာပြိုင်ဘက်အသင်းဖြစ်တဲ့ ယူနိုက်တက်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ယူနိုက်တက်ရဲ့ အကောင်းဆုံးအချိန်တွေကို တွေ့ကြုံခဲ့ရသူလည်းဖြစ်ကာ လက်ရှိယူနိုက်တက်အသင်းရဲ့ ခြေစွမ်းအပေါ် ကီအွန်က သုံးသပ်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။




က္က