ဂလေဇာမိသားစုအနေနဲ့ ပေါင် ၄ဘီလျံအထိ အလိုရှိနေတယ်လို့လည်း သတင်းဖော်ပြမှုအချို့ရှိနေပါတယ်။

အသင်းပိုင်ရှင်ဂလေဇာမိသားစုအချို့အနေနဲ့ အသင်းရဲ့ ရှယ်ယာအနည်းစုကို ရောင်းချလိုနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။

အရှေ့အလယ်ပိုင်းက ရေနံကြွယ်ဝတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျရဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်လ်မန်အနေနဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက်ထပ် မံကြိုးစားနေတယ်လို့ Mirror.com က အခိုင်အမာဖော်ပြလာပါတယ်။

ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင်ဂလေဇာမိသားစုအနေနဲ့ ရှယ်ယာများကို ရောင်းချဖို့မရှိဘူးလို့သတင်းထုတ်ပြန် ထားခဲ့သော်လည်း လက်ရှိသတင်းတွေအရ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကယ်ဗင်ဂလေဗာက ရှယ်ယာအချို့ကို  ရောင်းချဖို့ရှိတဲ့အတွက် အခုလိုသတင်းထွက်ပေါ်လာခဲ့တာပါ။



အသင်းရဲ့ရှယ်ယာ ၁၃ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ကယ်ဗင်ဂလေဇာအနေနဲ့ အမေရိကန်စတော့အိတ်ချိန်း ဈေးကွက်ကနေတဆင့် ရောင်းချဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး ငွေကြေးများစွာအသုံးပြုဝယ်ယူဖို့အတွက်ဆော်ဒီ အာရေဗျအိမ်ရှေ့မင်းသားက ပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။

ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားအနေနဲ့ ယူနိုက်တက်ရဲ့ ရှယ်ယာအလုံးစုံကို ဝယ်ယူနိုင်ဖို့အတွက် အကြိမ်ကြိမ် ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့သော်လည်း ပယ်ချခံနေရတာဖြစ်ပြီး နောက်ဆုံးအကြိမ်တွင် ပေါင်၃ဘီလျံနဲ့ ကမ်းလှမ်း ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာလတန်ပေါက်ဈေးမှာ ပေါင် ၂ဘီလျံကျော်အထိရှိနေခဲ့ပြီး Tran sfermarkt.com ရဲ့ ဖော်ပြချက်မှာတော့ တန်ကြေးအရပေါင် ၂.၆၄ ဘီလျံအထိပေါက်ဈေးရှိနေခဲ့တာလည်းဖြစ် ပါတယ်။



က္က