loading...

loading...

loading...

စာချုပ်သစ်အတွက် အားထုတ်မှု မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
Pyae Phyo Thein

ဒီကစားသမား (၃)ဦးဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူတေ ွဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုထားရခြင်း မရှိသေးပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပိန်ကစားသမားတွေဖြစ်တဲ့ ဟာရဲရား၊ မာတာ နဲ့ ဒီဂီယာတို့က ယူနိုက်တက်ဟာ စပိန်ကစားသမားတွေအပေါ်မှာ ခွဲခြားဆက်ဆံနေတယ်လို့ ခံစားနေရကြောင်း သိရပါတယ်။ ဒီကစားသမား (၃)ဦးဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် သူတွေဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုထားရခြင်း မရှိသေးဘူးပါဘူး။

ဆိုးလ်ရှားလက်ထက်မှာ စမောလင်း၊ ဖီးလ်ဂျုံးစ်နဲ့ အက်ရှ်လေယန်း၊ ရှောတို့ကို စာချုပ်သစ်တွေ အသီးသီးချုပ်ဆိုခဲ့ပေမယ့် စပိန်ကစားသမားတွေအတွက် စာချုပ်သစ်ကိစ္စကို ဆောင်ရွက်ရာမှာ အဆင်မပြေမှုတွေ၊ ကြန့်ကြာမှုတွေ ရှိနေခဲ့ပါတယ်။ မာတာအတွက် စာချုပ်သစ်ကမ်းလှမ်းမှုလုံးဝမရှိဘူးလို့ Daily Mail က ဖော်ပြခဲ့သလို ဟာရဲရားနဲ့ ဒီဂီယာတို့ကိုလည်း ကစားသမားတွေရဲ့ ဆန္ဒအတိုင်း လိုက်လျောမှုမရှိဘူးလို့လည်း သိရပါတယ်။

လက်ရှိအနေအထားမှာတော့ ဟာရဲရားနဲ့ မာတာတို့က အသင်းကနေ အလွတ်ထွက်ခွာဖွယ်ရှိနေပြီး ဟာရဲရားကို ပီအက်စ်ဂျီက တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းပေးချေပြီး ခေါ်ယူဖို့ စီစဉ်နေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ ဒီဂီယာကိုလည်း စာချုပ်သစ်မချုပ်ဆိုနိုင်ဘူးဆိုပါက ယူနိုက်တက်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားရမှာလည်း ဖြစ်ပါတယ်။

ဒီဂီယာက အသင်းမှာ လစာအများဆုံးရရှိခံစားနေရတဲ့ အလက်ဆစ်ဆန်းချက်ဇ်ရဲ့ လုပ်ခလစာအတိုင်း ရယူလိုနေပြီး ယူနိုက်တက်အတွက် သူ စွမ်းဆောင်ပေးခဲ့တာတွေနဲ့ ထိုက်တန်မှုရှိတယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ တောင်းဆိုမှုကို အသင်းက လျစ်လျူရှုထားခဲ့လို့ အဆင်မပြေမှုတွေ ရှိနေခဲ့လို့ စပိန်ကစားသမားတွေကို ခွဲခြားဆက်ဆံနေတယ်လို့ ယူဆလာကြတာဖြစ်ပါတယ်။

တိုက်ဆိုင်မှုရှိစွာနဲ့ပဲ ဒီဂီယာနဲ့ စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်ခဲ့ပြီးနောက်မှာ ဒီဂီယာဟာ ပွဲအပေါ်အာရုံစိုက်မှုလျော့နည်းခဲ့ပြီး ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အမှားအယွင်းတွေ ကျူးလွန်မိခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာလည်း ပေးဂိုးက (၇)ဂိုးအထိတောင် ခွင့်ပြုခဲ့ရတဲ့အထိ အသင်းရဲ့ အခြေအနေက ဆိုးဝါးနေပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က