loading...

loading...

loading...

ကစားသမားဟာ အိုးထရက်ဖို့ဒ်က ထွက်ခွာဖို့ နီးစပ်နေခဲ့ပါပြီ။
Pyae Phyo Thein

ပေါ့ဂ်ဘာရဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးဖို့ကို ရွိုင်အိုလာက ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး သူ့ရဲ့ ကစားသမားကို အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်အောင် ရွိုင်အိုလာက ကြိုးစားပေးနေတယ်လို့ ဖော်ပြခဲ့ပါသေးတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ အေးဂျင့် ရွိုင်အိုလာဟာ ပေါ့ဂ်ဘာနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမယ့် အစည်းအဝေးကို ဖျက်သိမ်းသွားခဲ့တယ်လို့ Daily Mail ကဖော်ပြခဲ့ပြီး ပေါ့ဂ်ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့အတွက် အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီလို့ ရေးသားဖော်ထုတ်ခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူဟာ PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

အသင်းတွင်းမှာ ကစားသမားတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရှိပေမယ့်လည်း ပေါ့ဂ်ဘာက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။ The Sun ကလည်း ပေါ့ဂ်ဘာရဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးဖို့ကို ရွိုင်အိုလာက ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာလို့ ဖော်ပြခဲ့ပြီး သူ့ရဲ့ ကစားသမားကို အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်အောင် ရွိုင်အိုလာက ကြိုးစားပေးနေတယ်လို့ ဖော်ပြခဲ့ပါသေးတယ်။

ပေါင် (၈၉)သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဂ်ဘာဟာ လတ်တလောပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ယူနိုက်တက်ကစားသမားတချို့ကလည်း ဆိုးလ်ရှားက ပေါ့ဂ်ဘာရဲ့ အတ္တနဲ့ မာနကို ထိန်းချုပ်ဖို့ ကြောက်ရွံ့နေတယ်လို့ ယူဆနေကြောင်း Daily Mail က ထပ်မံရေးသားခဲ့ပါတယ်။ ပေါ့ဂ်ဘာနဲ့ ယူနိုက်တက်တို့ဟာ စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေပါသေးတယ်။

ပေါ့ဂ်ဘာကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ပေါ့ဂ်ဘာနဲ့ ရီးရဲလ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် တိုက်ဆိုင်စွာနဲ့ပဲ ကစားသမားရဲ့ ခြေစွမ်းက သိသိသာသာကို ကျဆင်းနေခဲ့ပါတယ်။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း ရီးရဲလ်မှာ ကစားဖို့အတွက် အိပ်မက်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ ရီးရဲလ်က ချိတ်ဆက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ယုံကြည်ရပါတယ်။

ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာအပြင် အဓိကဂိုးသမားတစ်ဦးဖြစ်တဲ့ ဒီဂီယာကိုလည်း စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေရဆဲဖြစ်ပြီး လက်ရှိအချိန်ထိ သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။ ဒီဂီယာနဲ့ ယူနိုက်တက်တို့က စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့တာ

ဖြစ်ပြီး ကစားသမားဘက်က တောင်းဆိုချက်တွေကို အသင်းဘက်က လက်ခံဖို့ တွန့်ဆုတ်နေခဲ့ပြီးနောက် စာချုပ်သစ်ကိစ္စက ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။


loading...

က္က