လီဗာပူးအသင်းက ၁၈ ပွဲဆက်အနိုင်ရရှိဖို့ ကြိုးပမ်းသွားမှာပါ။

လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်အတွက် လီဗာပူးအသင်းရဲ့ လျင်မြန်မှုနဲ့ မာမာထန်ထန်ကစားနိုင်စွမ်းက ယူနိုက်တက်အတွက် အရမ်းခက်ခဲစေလိမ့်မယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၈ ပွဲစလုံးမှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့ရာသီကုန်ကနေ လက်ရှိအချိန်အထိ ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပြီး ယခုရာသီမှာ ၂ ပွဲသာ အနိုင်ရရှိထားသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုသံတွေက တနေ့တခြားပိုမိုကျယ်လောင်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလအစောပိုင်းက နယူးကာဆယ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တာက ဆိုးလ်ရှားအတွက် လုပ်ဆောင်ရမယ့်အလုပ်တွေရဲ့အရွယ်အစားကို မီးမောင်းထိုးပြခဲ့ပြီး မိုက်ကယ်အိုဝင်က ယူနိုက်တက်အတွက် ပြဿနာတွေ ဆက်ဖြစ်နိုင်စေတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။



မယုံကြည်နိုင်လောက်စရာကောင်းလောက်အောင် မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားက နယူးကာဆယ်နဲ့ပွဲမှာ ပြိုင်ဘက်အသင်းပင်နယ်တီဧရိယာထဲမှာ ဘောလုံး ၄ ကြိမ်အထိ ထိတွေ့မှုရှိခဲ့ပြီး အခြားယူနိုက်တက်ကစားသမားတွေအားလုံးထက် ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်က သူတို့ရဲ့ နောက်ဆုံးလိဂ် ၁၃ ပွဲမှာ ၂ ပွဲပဲ အနိုင်ရရှိခဲ့ပြီး နောက်ဆုံးတခေါက် စိန့်ဂျိမ်းစ်ပတ်မှာကစားခဲ့တဲ့ပွဲမှာ နောက်ခံကစားသမား မက်ဂွိုင်းယားက နယူးကာဆယ်ပင်နယ်တီဧရိယာထဲမှာ ဘောလုံးထိတွေ့မှု ၄ ကြိမ်ရှိခဲ့ပြီး အခြားယူနိုက်တက်ကစားသမားတွေအားလုံးထက် ပိုများခဲ့ပါတယ်”

“လီဗာပူးအသင်းက အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲစဉ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးရဲ့ လိဂ်ပွဲစဉ် ၁၈ ပွဲဆက်အနိုင်ရရှိတဲ့စံချိန်နဲ့ တူညီသွားမှာပါ”

“လီဗာပူးက ပြီးခဲ့တဲ့အပတ်တွေမှာ သူတို့ရဲ့ ကံတရားက မျက်နှာသာပေးခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းအတွက်ကတော့ ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့အဓိကကစားသမားတွေ အတော်များများကို ဒဏ်ရာကနေ ပြန်လည်သက်သာပြီး ထည့်သွင်းကစားစေခဲ့မယ်ဆိုရင်တောင် လီဗာပူးရဲ့ လျင်မြန်မှုနဲ့ မာမာထန်ထန်ကစားမှုက သူတို့အတွက် အရမ်းပြင်းထန်လွန်းတယ်လို့ မျှော်လင့်မိပါတယ်”လို့ Betvictor ကို ပြောကြားခဲ့ပါတယ်။



က္က