လီဗာပူးရဲ့ အဆင့် ၁ ရပ်တည်နေမှုမှာ ဆာလာက အဓိက အရေးပါသူပါ။

ဆာလာအနေနဲ့ ယူနိုက်တက်နဲ့ နောက်ဆုံး ၄ ပွဲမှာ တစ်ဂိုးမှသွင်းယူထားနိုင်ခြင်း မရှိတော့တာကြောင့် တိုက်ပွဲဝင်စိတ်ဓာတ်ထားပြီး ဂိုးသွင်းယူနိုင်ဖို့ အာရုံစိုက်ထားခိုင်းတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားမယ့် ပွဲမတိုင်မီ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆာလာကို နည်းပြ ကလော့ပ်က ပြင်းပြင်းထန်ထန်သတိပေးမှု ပြုလုပ်ထားတယ်လို့ Metro.com သတင်းဌာန ကဖော်ပြလာပါတယ်။



လီဗာပူးအသင်းအနေနဲ့ လက်ရှိမှာ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲလျော့ ၅ မှတ်အသာနဲ့ ထိပ်ဆုံးဦး ဆောင်နေရာမှာ ဆာလာရဲ့ ကဏ္ဍက အဓိက နေရာမှာ ရှိနေခဲ့တာပါ။

မနှစ်က ရွှေဖိနပ်ဆု ရရှိခဲ့တဲ့အထိ ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာတော့ နောက်ဆုံး ၄ ကြမ်စလုံး တစ်ဂိုးမှ မသွင်းထားနိုင်ပါဘူး။



“တစ်စုံတစ်ယောက်က ဆာလာကို ယူနိုက်တက်ဖက် ဂိုးမသွင်းနိုင်တော့ဘူးလားလို့ မေးလာရင် တကယ်လား လို့ ပြန်မေးရပါလိမ့်မယ်။ဂိုးတွေမသွင်းနိုင်လည်း ယုံကြည်မှု ပိုပေးနိုင်ပါတယ်။တစ်ကယ်တော့ အစတစ်ဂိုးပဲ လိုတာပါ။ အခုတစ်ကြိမ်ယူနိုက်တက်နဲ့ပွဲက တကယ့် အစမ်းသပ်ပါပဲ။” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆာလာကို ဒီလာမယ့်ယူနိုက်တက်နဲ့ပွဲမှာ အရင် လီဗာပူးအသင်းနဲ့ အကြိမ်ကြိမ်နွှဲခဲ့ဖူးတဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို ပြန်လည်ပြသပြီး ဂိုးတွေလည်း သွင်းယူနိုင်အောင် အာရုံစိုက်ဖို့ ပြောထားတယ်လို့လည်း သိရပါ တယ်။

ယူနိုက်တက်နဲ့ လီဗာပူးပွဲကတော့ ဒီကနေ့ည(အောက်တိုဘာ ၂၀) မြန်မာစံတော်ချိန် ၁၀ နာရီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမှာပါ။

Share

Loading Next Article...
က္က