မန်စီးတီးနဲ့လီဗာပူးလ်ကိုအမီလိုက်နိုင်ဖို့အတွက် အနည်းဆုံး နှစ်ရာသီလောက်ပြင်ဆင်ဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။
Ye Yint Htay

ဒီနေ့ညမှာယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲမတိုင်ခင်မှာ အနာဂတ်နဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ ဆာရီက ဘုတ်အဖွဲ့ကို သတင်းစကားတစ်ခုပြောကြားခဲ့တယ်လို့ Mirror သတင်းဌာနကဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မကစားမီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ချယ်လ်ဆီးနည်းပြ ဆာရီက အသင်းအခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားမှုတွေလုပ်ခဲ့သလို သတင်းမျိုးစုံထွက်ပေါ်နေတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလည်း ပြောကြားခဲ့ပါသေးတယ်။ Mirror ရဲ့ဖော်ပြချက်အရ ဆာရီဟာ အသင်းမှာဆက်ရှိဖို့ ဆန္ဒရှိနေတယ်လို့သိရပြီး မန်စီးတီးနဲ့ လီဗာပူးလ်ကို အမီလိုက်နိုင်ဖို့အတွက် အနည်းဆုံး နှစ်ရာသီလောက်ပြင်ဆင်ဖို့လိုအပ်တယ်လို့ပြောခဲ့ကြောင်း သိရပါတယ်။

“အင်္ဂလိပ်ဘောလုံးက ကျွန်တော့်အတွက် ကွဲပြားခြားနားမှုတွေရှိပါတယ်။ ပိုကောင်းသွားမယ်၊ ပိုဆိုးလာမယ်ဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ပရီးမီးယားလိဂ်က တကယ့်ကို အံ့သြစရာကောင်းပြီး ကျွန်တော် ဒီမှာ ဆက်ရှိနေချင်ပါတယ်။ ဘောလုံးကွင်းတွေထဲကအခြေအနေတွေ၊ ပြိုင်ပွဲရဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံတွေကတော့ တကယ့်ကို အံ့အားသင့်စရာပါ”လို့ ဆာရီက မန်ချက်စတာယူနိုက်တက်နဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ ဆာရီဟာ ဒီနှစ်ဘောလုံးရာသီမှ ချယ်လ်ဆီးအသင်းကိုတာဝန်ယူကိုင်တွယ်ခဲ့ပြီး ရလဒ်မတည်ငြိမ်မှုတွေကြောင့် ရိုလာကိုစတာရာသီလို့ မီဒီယာတွေရဲ့တင်စားရေးသားခြင်းခံနေရပါတယ်။

အသင်းရလဒ်ပိုင်းကိုတည်ငြိမ်အောင်မစွမ်းဆောင်နိုင်တာနဲ့ပတ်သက်ပြီးလည်း ဆာရီက ဖြေရှင်းခဲ့ပါတယ်။ “ကျွန်တော်အသင်းကိုနောက်ကျမှရောက်လာတာက ပြဿနာတစ်ခုပါ။ ရာသီမစခင်အလုပ်လုပ်ဖို့ နှစ်ပတ်နဲ့သုံးပတ်လောက်ပဲအချိန်ရခဲ့ပါတယ်။ နာပိုလီမှာတုန်းက ခံစစ်တစ်ခုတည်းအတွက်ပြင်ဆင်တာကို ထရိန်နင်အချိန်ပေါင်း ၆၀လောက်လုပ်ထားတာပါ။ အခုဒီမှာတော့ ရာသီမစခင်မှာ လေ့ကျင့်ချိန် ၁၂ကြိမ်လောက်ပဲရခဲ့တယ်။”လို့ ဆာရီကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က