loading...

loading...

loading...

ပွဲအပြီးမှာ လက်ဟန်အမူအရာနဲ့ တောင်းပန်ခဲ့တာပါ။
Pyae Phyo Thein

နောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲမှာ (၆)ပွဲအထိ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ စိုးရိမ်ရတဲ့ အနေအထားကို ရောက်သွားခဲ့သလို အသင်းရဲ့ ခြေစွမ်းနဲ့စုဖွဲ့မှုကလည်း စိတ်ပျက်စရာတွေနဲ့ အတိုင်းသားရှိနေခဲ့ပါတယ်။

အဲဗာတန်ကို (၄-ဝ)နဲ့ ဂွတ်ဒီဆင်ပ့ါခ်မှာ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက အသင်းပရိသတ်တွေကို တောင်းပန်စကားပြောဆိုလိုက်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲမှာ (၆)ပွဲအထိ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ စိုးရိမ်ရတဲ့ အနေအထားကို ရောက်သွားခဲ့သလို အသင်းရဲ့ ခြေစွမ်းနဲ့စုဖွဲ့မှုကလည်း စိတ်ပျက်စရာတွေနဲ့ အတိုင်းသားရှိနေခဲ့ပါတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက အသင်းပရိသတ်တွေရှိရာကို သွားရောက်ခဲ့ပြီး လက်နှစ်ဖက်ထောင်ပြကာ တောင်းပန်စကားဆိုခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာလည်း ဆိုးလ်ရှားက ပရိသတ်တွေကို တောင်းပန်စကားထပ်ဆိုခဲ့ပြီးတော့ ရလဒ်ဆိုးတွေအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး အသင်းကို အကောင်းဆုံးပုံစံပြန်ရဖို့ ကြိုးစားပေးရတော့မှာ ဖြစ်ပါတယ်။

"ပွဲစကတည်းကပဲ အရာအားလုံးက မှားယွင်းနေခဲ့ပါတယ်၊ ပရိသတ်တွေကို တောင်းပန်စကားပဲ ကျွန်တော်ပြောချင်ပါတယ်၊ သူတို့က ဒီနေ့မှာ အသင်းရဲ့ အမှတ်တံဆိပ်နဲ့ အတူတူရှိနေခဲ့သူတွေဖြစ်ပါတယ်၊ အဲဗာတန်က ကျွန်တော်တို့ထက် အစစအရာရာသာလွန်နေခဲ့ပါတယ်၊ ရလဒ်ကောင်းတွေ ရရှိဖို့ ကျွန်တော်တို့ အများကြီး ကြိုးစားဖို့ လိုအပ်နေပါတယ်၊ လက်ရှိကစားသမားတွေရဲ့ အရည်အသွေးနဲ့ မလုံလောက်ခဲ့ပါဘူး"

"စွမ်းဆောင်ရည်တစ်ခုတည်းပဲ မဟုတ်ပါဘူး၊ ဒါက မန်ချက်စတာယူနိုက်တက်လိုအသင်းတစ်သင်းနဲ့ ထိုက်တန်တဲ့ အနေအထားမျိုးမှာ ရှိမနေခဲ့တာပါ၊ ကျွန်တော်တို့လက်တွေကို မြှောက်ပြီးတော့ အသင်းကို အားပေးခဲ့တဲ့ သူတိုင်းကို တောင်းပန်ပါတယ်၊ မန်စီးတီးနဲ့ ကစားရမယ့် ဗုဒ္ဓဟူးနေ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးရဖို့ ကြိုးစားသွားပါမယ်" လို့ ဆိုးလ်ရှားက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

စပါးအသင်းအရေးနိမ့်နေခဲ့မှုကို ယူနိုက်တက်တို့ အခွင့်ကောင်းမယူနိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိက်တက်က (၃၄)ပွဲကစားအပြီး (၆၄)မှတ်သာ ပိုင်ဆိုင်ထားပြီး စပါးနဲ့ လေးမှတ်ကွာဟနေကာ အာဆင်နယ်နဲ့ (၂)မှတ်အထိ ပြတ်တောက်နေခဲ့ပါတယ်။ လက်ကျန်လေးပွဲမှာ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ ကစားရမှာမို့လို့လည်း ယူနိုက်တက်အတွက်တော့ တော်တော်လေးရုန်းကန်ရတော့မှာဖြစ်ပါတယ်။


loading...

က္က