ရုရှား MMA ဖိုက်တာကြီးက ထုတ်ဖော်ဝန်ခံလိုက်တာပါ။

MMA ပွဲတွေမှာ ရှုံးပွဲမရှိစံချိန်ကို ရယူပြီး UFC ရဲ့ ဂန္ထဝင်ဖိုက်တာတစ်ဦးအဖြစ်နဲ့ အနားယူခဲ့တဲ့ ခါဘစ်ဟာ ရော်နယ်ဒိုနဲ့ တော်တော်လေးခင်မင်ရင်းနှီးသူလည်း ဖြစ်ပါတယ်။ 


UFC ရဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမားဟောင်း ခါဘစ်က ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ့်အကြောင်း လွန်ခဲ့တဲ့တစ်လကတည်းက သူ့ကိုပြောဆိုခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ MMA ပွဲတွေမှာ ရှုံးပွဲမရှိစံချိန်ကို ရယူပြီး UFC ရဲ့ ဂန္ထဝင်ဖိုက်တာတစ်ဦးအဖြစ်နဲ့ အနားယူခဲ့တဲ့ ခါဘစ်ဟာ ရော်နယ်ဒိုနဲ့ တော်တော်လေးခင်မင်ရင်းနှီးသူလည်း ဖြစ်ပါတယ်။ 

ရော်နယ်ဒိုက သူ့ရဲ့သားဖြစ်သူအနာဂတ်အတွက် ခါဘစ်နဲ့ မကြာခဏဆိုသလိုပြောဆိုဆွေးနွေးလေ့ရှိသူဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းဟောင်းယူနိုက်တက်ကို အံ့အားသင့်ဖွယ်ရာပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရိသတ်တွေကို အလွန်အမင်းပျော်ရွှင်စေခဲ့ပေမယ့်လည်း ခါဘစ်ကတော့ ဒီအကြောင်းကို အစောကြီးကတည်းက သိထားနှင့်ခဲ့ပြီဖြစ်ပါတယ်။ 

ရုရှားသတင်းဌာန RT News နဲ့ တွေ့ဆုံခဲ့ရာမှာ ခါဘစ်က "ပြီးခဲ့တဲ့တစ်လကတည်းက သူ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုတာ ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ ဒီအပြောင်းအရွှေ့ဖြစ်လာမယ်လို့လည်း ကျွန်တော်မျှော်လင့်ခဲ့ပါတယ်၊ ဂျူဗင်တပ်စ်ထက်စာရင် ယူနိုက်တက်က သူ့အတွက် ပိုပြီးတော့သင့်တော်တယ်လို့လည်း ကျွန်တော်ထင်တယ်၊ ကျွန်တော့်အတွက်တော့ သူ့ရဲ့အလှည့်အပြောင်းက အံ့သြစရာမရှိခဲ့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။ 


သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အားပေးမှုတွေလည်း ရှိနေခဲ့ကြပါတယ်။ ဂေ့ဂျီနဲ့ ထိုးသတ်ခဲ့တဲ့ UFC 254 ပွဲစဉ်မှာလည်း အင်စတာဂရမ်ကနေ ရော်နယ်ဒိုက အားပေးမှုတွေပြုလုပ်ခဲ့ပါတယ်။ သက်ဆိုင်ရာအားကစားနယ်ပယ်တွေမှာ ပြိုင်ဘက်မရှိတဲ့ ချန်ပီယံတွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦးက မကြာခဏဆိုသလို တွေ့ဆုံလေ့ရှိကြပြီး အချိန်ဖြုန်းလေ့ရှိတယ်လို့လည်း သိရပါတယ်။ 



က္က