ယူနိုက်တက်က လိဂ်ချန်ပီယံ မဖြစ်တာ ၇နှစ်ရှိပါပြီ။
Kyaw Ko Ko Sint

ယူနိုက်တက်အသင်းကတော့ ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို အကြိမ် ၂၀မြောက် ဆွတ်ခူးပြီးနောက် ယနေ့အချိန်ထိ လိဂ်ဆုဖလားကို ပြန်လည် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၃ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်ရဖို့ ကြိုးစားရာမှာ လီဗာပူးနဲ့ မန်စီးတီးအသင်းရဲ့ နည်းပြတွေ ဖြစ်တဲ့ ကလော့ပ်နဲ့ဂွါဒီယိုလာ အဆိုပါ အသင်းတွေကနေ ကိုယ်စီ ထွက်ခွာသွားချိန်မှသာ ဖြစ်နိုင်လိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလား နောက်ဆုံးရရှိခဲ့တဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီအပြီးချိန်က စပြီး ထိပ်သီး လေးသင်းစာရင်းဝင်ဖို့ အမြဲတမ်း ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရပြီး အဆင့် ၂နေရာကိုလည်း ၇နှစ် အတွင်း တစ်ကြိမ်သာ ရရှိခဲ့ဖူးပါတယ်။

မနှစ်ကဆိုရင်လည်း ချန်ပီယံ လီဗာပူးအောက် ၃၃နှစ်အကွာ၊ဒုတိယနေရာက မန်စီးတီးအောက် ၁၅မှတ် အကွာမှာ သာ ရှိနေခဲ့ပါတယ်။

“ယူနိုက်တက် လိဂ်ချန်ပီယံ ဖြစ်နိုင်မယ့် အခြေအနေတစ်ခုကို ကျွန်တော် ခင်ဗျားကို အသေအချာ ပြောနိုင်တာ တစ်ခုတော့ ရှိပါတယ်။သေချာတာက ဒီနှစ်လည်းမဟုတ်သလို လာမယ့်နှစ်လည်း မဟုတ်ပါဘူး။သူတို့သာ ဒီအချိန် မှာ လုပ်ပြနိုင်ခဲ့ရင်တော့ သေချာပေါက်ကို အံ့အားသင့်စရာလို့ပဲ ဆိုရမှာပါ။အခုချိန်မှာ ကျွန်တာ်က ယူနိုက်တက် ပရိသတ်အနေနဲ့ ပြောနေတာမဟုတ်ပါဘူး၊ဒီနှစ်မှာ ယူနိုက်တက်ကို ချန်ပီယံ ဖြစ်ချင်တာပေါ့၊ဒါပေမယ့်လည်း ကိုယ့်အခြေအနေနဲ့ ကိုယ့်အချိန်ကို ကောင်းကောင်းသိဖို့လိုပါလိမ့်မယ်။ဖြစ်ကောင်းဖြစ်နိုင်မှာက လီဗာပူးနဲ့ မန်စီး တီးမှာ ကလော့ပ်နဲ့ဂွါဒီယိုလာ မရှိတော့ရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်။”လို့ နဗီးလ်က The Mirror သတင်းဌာနကို ပြောသွားတာပါ။

နဗီးလ်က ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်ပေမယ့်လည်း ယခုနှစ်မှာ ကစားသမားတစ်ဦးသာ ခေါ်ယူ ထားနိုင်တဲ့ အသင်းရဲ့ စီးပွားရေး လုပ်ဆောင်ချက်ကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။

“အသင်းရဲ့ လူစာရင်းနဲ့ ပတ်သက်ပြီး ခင်ဗျား ကျွန်တာ့်ကို ဒီနေ့မေးရင်တော့ ကျွန်တော့်မှာ ပြန်ဖြေစရာ မရှိသေးပါ ဘူး။တကယ်လို့ ယူနိုက်တက်အနေနဲ့ သာမာန်ထက် ခြေစွမ်းထက်မြက်တဲ့ တိုက်စစ်မှူးနှစ်ဦး၊အားကိုးရလောက် မယ့် နောက်ခံလူတစ်ဦးနဲ့ ပြောင်းမြောက်လှတဲ့ ဘယ်နောက်ခံလူတစ်ဦးကိုသာ လာမယ့် နှစ်ပတ်အတွင်း ခေါ် လိုက်မယ်ဆိုရင်တော့ ပြောစရာ တစ်ခုခု ရှိလာနိုင်မှာပါ။”လို့လည်း နဗီးလ်က ဆက်လက်ဆိုပါသေးတယ်။


Author


က္က