၂-၀နဲ့ ရှုံးတဲ့ပွဲမှာ ယူနိုက်တက် ပရိသတ်ထုကြီးတစ်ခုက ချဲလ်ဆီးမုန်းတီးရေး သီချင်းတွေ သံပြိုင်သီဆိုနေခဲ့ကြ တာပါ။
အိမ်ကွင်းမှာ ယူနိုက်တက်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဧည့်သည်အသင်း ပရိသတ်တွေထဲက ကြီးမားတဲ့ အုပ်စု တစ်စုက ချဲလ်ဆီး မုန်းတီးရေး သီချင်းသံများ သံပြိုင် ကြွေးကြော်ခဲ့တယ်လို့ ချဲလ်ဆီးအသင်းက တရားဝင် သတင်း ထုတ်ပြန်လာတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
ဒီလို လက်သင့်ခံလို့ မရတဲ့ သီချင်းတွေ သီဆိုခဲ့တဲ့ ယူနိုက်တက် ပရိသတ်တွေကိုတော့ အနာဂတ်မှာ စတမ်းဖို့ဒ်ဘ ရစ်ချ်ကွင်းအတွင်း ဝင်ရောက်စေဖို့ မဖြစ်နိုင်တော့ဘူးလို့ ချဲလ်ဆီးအသင်းက တရားဝင် သတင်းထုတ်ပြန်လာပါ တယ်။
“ဒီအပြုအမူတွေက လက်ခံပေးလို့ မရပါဘူး၊ဒီပရိသတ်တွေကို အနာဂတ်ပွဲတွေမှာတော့ ကွင်းဝင်ခွင့် ပိတ်ဖို့ လုပ် ဆောင်သွားမှာပါ။အဲ့ဒီနေ့က ပါဝင်ခဲ့ကြတဲ့ ပရိသ်တွေကို ယူနိုက်တက်နဲ့ ပူးပေါင်းပြီး ဖော်ထုတ်အရေးယူမှုတွေ ပြု လုပ်သွားမယ်။”လို့ ချဲလ်ဆီးအသင်းက တရားဝင် သတင်းထုတ်ပြန်လာပါတယ်။
ချဲလ်ဆီးအသင်းက သူတို့အသင်းအနေနဲ့ မတူကွဲပြားခြင်းနဲ့ အားလုံး ပါဝင်ပတ်သက်နိုင်တဲ့ကလပ်အသင်းတစ်သင်း ဖြစ်ပြီး လူမျိုးရေး ခွဲခြား ဆက်ဆံမှုမျိုးကို လုံးဝ လက်သင့်မခံတဲ့ အသင်းဖြစ်ကြောင်းကိုလည်း ပူးတွဲ သတင်း ထုတ်ပြန်ခဲ့ပါတယ်။