ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ကစားဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုခဲ့ပါတယ်။
Pyae Phyo Thein

ယူရိုပါလိဂ်မဲခွဲမှုတွေအပြီးမှာ ဖာနန်ဒက်စ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးနေရပြီဆိုရင်တော့ ဘယ်လိုပွဲမျိုးကိုမဆို အနိုင်ကစားဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူရိုပါလိဂ်မဲခွဲမှုတွေအပြီးမှာ ဖာနန်ဒက်စ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ အသင်းဟောင်းစပို့တင်း နဲ့ ယူနိုက်တက်တို့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးခြောက်ဂိုး၊ ဖန်တီးမှုလေးကြိမ်ပြုလုပ်ပေးထားသူဖြစ်ပြီးတော့ ဒီရာသီမှာ ဘယ်ကစားသမားထက်မဆို သွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ပူပူနွေးနွေးဆွတ်ခူးထားသူဖြစ်ပါတယ်။ 

"ကျွန်တော့်အတွက်တော့ ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ် အားလုံးကအတူတူပါပဲ၊ ကျွန်တော်ဂရုစို်က်နေမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ယူနိုက်တက်အတွက် ကစားပေးနေရပြီဆိုရင် ပွဲတိုင်းကို အနိုင်ရဖို့လိုတယ်ဆိုတာ ခင်ဗျားသိထားဖို့လိုတယ်၊ ဘယ်အသင်းနဲ့ပဲ ကစားကစား ကိစ္စမရှိဘူး၊ ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတစ်သင်းအတွက် ကစားပေးနေရပြီဆိုရင် အားလုံးကို အနိုင်ယူနိုင်ရပါမယ်"

"ပြိုင်ဘက်တိုင်းကို အနိုင်ကစားဖို့ ကျွန်တော်တို့ အာရုံစိုက်ရမှာပါ၊ အရင်ဦးဆုံးအနေနဲ့ LASK နဲ့ပွဲကို အနိုင်ကန်ရပါမယ်၊ အဝေးကွင်းမှာ ငါးဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း အိမ်ကွင်းမှာ အနိုင်ရဖို့၊ ငါးဂိုးထပ်သွင်းနိုင်ဖို့ လိုပါတယ်၊ ကျွန်တော့်အတွက်တော့ ဘောလုံးဆိုတာ အနိုင်ရဖို့အတွက်ပဲ ကစားတာပါ၊ နိုင်ပွဲရလာတာနဲ့အမျှ ယုံကြည်တွေရလာပါတယ်၊ အနိုင်ကန်ရမယ်ဆိုတဲ့အတွေးကို ရပ်တန့်ပစ်လို့မရပါဘူး၊ ဒီပွဲပြီးရင် တခြားအသင်းတွေနဲ့ ကစားရဦးမယ်"

"ဘယ်သူပဲလာလာ ကိစ္စမရှိဘူး" လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးအသင်းလည်းဖြစ်နေပါတယ်။ 



Author


က္က