ဇန်နဝါရီလက ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ပေါ်တူဂီကွင်းလယ်လူဟာ ဇန်နဝါရီလအတွင်းမှာ ယူနိုက်တက်ကို စပို့တင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိနေပြီဆိုတဲ့ သတင်းကိုကြားသိရအပြီးမှာ သူ့အနေနဲ့ ငိုကြွေးခဲ့ရတယ်လို့ ဘရူနိုဖာနန်ဒက်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ ဇန်နဝါရီလအတွင်းမှာ ယူနိုက်တက်ကို စပို့တင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်က သူ့ရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့တဲ့အတွက် ဝမ်းသာမိလို့ ငိုကြွေးခဲ့ရတာလို့ ဝန်ခံခဲ့တာပါ။ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးပေါ်လာပြီလို့ သိရချိန်မှာ ဇနီးသည်နဲ့ မိသားစုဝင်တွေကို ခေါ်ဆိုပြောပြခဲ့ပြီးချိန်မှာ သူ ငိုကြွေးခဲ့ရတယ်လို့ ဘရူနိုဖာနန်ဒက်စ်က အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ 

"ခင်ဗျားသိလား၊ ကျွန်တော်ထိတ်လန့်တုန်လှုပ်မိခဲ့ပါတယ်၊ အဲဒါက အိပ်မက်တစ်ခုပါ၊ ဒါပေမယ့် ကြီးမားတဲ့အိပ်မက်တစ်ခုအဖြစ်ရှိနေခဲ့တာပါ၊ ကျွန်တော့်အတွက် အင်္ဂလန်မှာကစားရတာနဲ့ ယူနိုက်တက်အတွက်ကစားပေးရတာက ကစားသမားဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်းပါပဲ၊ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်တွေထဲက တစ်ခုပါ"

"ကျွန်တော်ဖုန်းလက်ခံရရှိခဲ့ချိန်မှာ ဘရူနို၊ မင်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိနေပြီလို့ သိလိုက်ရပါတယ်၊ ကျွန်တော့်ဇနီး၊ အကို၊ အစ်မ၊ အမေတို့ကို ကျွန်တော်ခေါ်ခဲ့ပြီးတော့ ငိုကြွေးနေခဲ့တော့တာပဲ၊ ဒါပေမယ့် ကျွန်တော်ဝမ်းသာလို့ ငိုခဲ့တာပါ၊ ဒီလိုဖြစ်လာဖို့အတွက် ကျွန်တော့်တစ်ဘဝလုံး ရုန်းကန်တိုက်ခိုက်ခဲ့ရတာပါ၊ ဒီလိုထိပ်တန်းအသင်းမှာ ကစားရဖို့ပါ၊ အခု ဒီအခွင့်အရေးကို ကျွန်တော်ရနေပြီး ဒီအိပ်မက်ကို ကျွန်တော့်လက်အစုံနဲ့ ဖမ်းယူနိုင်ဖို့ လိုအပ်ပါတယ်" လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အတွက် ၉ ပွဲအထိ ကစားပေးထားခဲ့ပြီးဖြစ်ကာ ၃ ဂိုးသွင်းယူပေးထားခဲ့ပြိး ၄ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ အသင်းရဲ့အဓိကကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်အကြိုက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ 


Author


က္က