ပရီးမီးယားလိဂ်ရဲ့ ‌ဖေဖော်ဝါအကောင်းဆုံးကစားဆုကိုလည်း ဆွတ်ခူးထားသူပါ။
Kyaw Ko Ko Sint

ယူနိုက်တက်နဲ့ ၉ ပွဲကစားပြီးချိန်မှ ၃ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး မတ်လအတွင်းမှာ တစ်ဂိုးသွင်း ၂ဂိုးဖန်တီး ထားနိုင်သူပါ။

ပရိသတ်တွေက လစဥ်ရွေးချယ်ပေးလေ့ရှိတဲ့ မတ်လအတွက် အသင်းရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ကွင်းလယ်လူ ဖာနန်ဒက်စ်ပဲ ဆက်လက်ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်က ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားတာ ကြောင့် အခုဆုက တစ်ဦးချင်းထူချွန်ဆုနှစ်လဆက်တိုက်ဆွတ်ခူးတာလည်း ဖြစ်ပါတယ်။

မတ်လထဲမှာ‌တော့ ပွဲတွေအကုန်မကစားထားရလို့ လိဂ်အနေနဲ့ တစ်လတာအကောင်းဆုံးဆုကို သတ်မှတ်ပေးလာ ခြင်းမရှိပေမယ့် ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေက သူတို့အသင်းသားတွေကို သီးသန့်ရွေးချယ် ပေးခဲ့တာပါ။

ဖာနန်ဒက်စ်က ဒီနှစ်မှအသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ မတ်လအဖွင့်ဂိုးကို အဲဗာတန်နဲ့သရေကျခဲ့တဲ့ပွဲမှာ သွင်းယူခဲ့ပြီး အဲ့ဒီဂိုးက ဒုတိယမြောက်လိဂ်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဆက်လက်ပြီး မန်စီးတီးနဲ့ လိဂ်ပွဲစဥ်၊LASKနဲ့ ယူရိုပါလိဂ်ပွဲစဥ်တွေမှာလည်း အသင်းဖော်တွေအတွက် ဂိုးတွေ ဖန်တီး ပေးနိုင်ခဲ့သူပါ။

အသက် ၂၅နှစ်သာရှိသေးတဲ့ ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အတွက် ၉ ပွဲကစားပြီးချိန်မှာ ၃ဂိုးအထိသွင်းယူ ထားနိုင်ပြီး ၎င်းနဲ့အတူ ဖရက်ဒ်၊မက်ဂွဲယားတို့လည်း မတ်လအတွက် ယူနိုက်တက် တစ်လတာအကောင်းဆုံး ကစားသမား ဆန်ကာတင်စာရင်းမှာ ပါဝင်နိုင်ခဲ့ကြပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေ နားနေချိန်မှာလည်း သီးသန့် လေ့ကျင့်မှုတွေ ပြုလုပ် နေပြီး ပရိသတ်တွေမပျင်းရအောင် ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် တင်ပြီး ဖြေဖျော်ပေးနေသူလည်း ဖြစ်ပါတယ်။


Author


က္က