ယူနိုက်တက်က ၁၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပါတယ်။
Pyae Phyo Thein

အင်္ဂလန်ပရီးမီးယားလိဂ်ဖလားကို ၁၃ကြိမ်အထိ ဆွတ်ခူးထားတဲ့ ယူနိုက်တက်ဟာ အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တာ ၇ နှစ်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။


ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းခြေစွမ်းပြနေခဲ့ပြီးနောက်မှာ ယူနိုက်တက်ကွင်းလယ်လူဟောင်းပေါလ်စခိုးက အသင်းဟောင်းရဲ့ခြေစွမ်းအပေါ်ကို အသင်းနှစ်သင်းက ထိတ်လန့်နေလောက်ပြီလို့ သူ့ရဲ့အင်စတာဂရမ် History မှာ ရေးသားသွားခဲ့ပါတယ်။ ပေါလ်စခိုးက မန်စီးတီးနဲ့ လီဗာပူးလ်ကို ရည်ရွယ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဗီလာကို ၃-၀ နဲ့ အဝေးကွင်းမှာ ချေမှုန်းခဲ့ပြီးနောက် ယူနိုက်တက်ဟာ ၁၇ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်လည်း မျှော်လင့်ချက်ပိုမိုကောင်းမွန်လာခဲ့ပြီး ခြေစွမ်းပိုင်းအရ တိုးတက်မှုတွေရှိလာခဲ့လို့ ပေါလ်စခိုးက အသင်းဟောင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ကျေနပ်နေခဲ့ပါတယ်။ 

"ဒီအသင်းနဲ့ပတ်သက်ပြီး အသင်းနှစ်သင်းက စိုးရိမ်နေမယ့် အချိန်တွေစတင်နေပါပြီ၊ ကျွန်တော့်အမြင်ဆိုရင် ဒီလိုတွေတောင် သူတို့ဖြစ်နေပြီးလောက်ပါပြီ" လို့ သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ အခြေအနေဟာ ဆာအဲလက်ဖာဂူဆန် အနားယူသွားနောက်ပိုင်းမှာ အကောင်းဆုံးပုံစံတစ်ခုအဖြစ် မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 

အင်္ဂလန်ပရီးမီးယားလိဂ်ဖလားကို ၁၃ကြိမ်အထိ ဆွတ်ခူးထားတဲ့ ယူနိုက်တက်ဟာ အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တာ ၇ နှစ်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ မန်စီးတီးက လွှမ်းမိုးထားခဲ့ပြီး နောက်ဆုံးနှစ်နှစ်မှာတော့ လီဗာပူးလ်က အားကောင်းခဲ့ကာ လက်ရှိမှာလည်း အမှတ်ပေးဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

လီဗာပူးလ်ဟာ ဒုတိယနေရာက မန်စီးတီးကို ရမှတ် ၂ဝကျော်အထိ ဖြတ်တောက်ထားနိုင်ခဲ့သလို ယူနိုက်တက်ကိုလည်း ၃၄ မှတ်အထိ ဖြတ်တောက်ထားခဲ့ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့နိမ့်ပါးမှုတွေကြောင့် မကျေမနပ်ဖြစ်ခဲ့ရတဲ့ ကစားသမားဟောင်းကြီးက အသင်းရဲ့ လက်ရှိခြေစွမ်းက လာမယ့်ရာသီမှာ မန်စီးတီးနဲ့ လီဗာပူးလ်ကို ခြိမ်းခြောက်နိုင်မယ်လို့ ယုံကြည်နေပြီဖြစ်ပါတယ်။ 


Author


က္က